နောက်အပတ်လာမယ်ပြောထားတဲ့လူကြောင့် ဒီနေ့မှာတော့ ရိပေါ်ဟာ သိသိသာသာမျှော်နေခဲ့တယ် ။အနံ့အသက်တစ်ချို့ကိုလိုက်နမ်းရင်းပြတင်းပေါက်တံခါးတွေကိုကြိုဖွင့်ထားတတ်တယ် ။ အပေါ်ထပ်အင်္ကျီကိုလည်း နမ်းကြည့်ရင်းလိုရမယ်ရ ပြန်ခါဝတ်ထားခဲ့ပြီးပြီ ။
အမြင်အာရုံချို့ယွင်းသူတွေမှာ အကြားအာရုံနဲ့အနံ့ခံအာရုံတို့က သူများထက်ထူးခြားသာလွန်ကြောင်း သူကြားဖူးတယ် ။
ရိပေါ်က သူ့မျက်လုံးတွေမှိတ်ထားလိုက်ရင်း တစ်ခုခုကိုအာရုံစိုက်လိုက်တယ် ။ မကြာခင် နားထဲဝင်လာတဲ့ တုတ်ထောက်သံနဲ့ ချူလုံးတွေရဲ့အသံက အဝေးတစ်နေရာကနေလှမ်းလာတာဖြစ်တယ် ။ နှုတ်ခမ်းတွေကွေးညွှန်မိတဲ့အထိ ပြုံးရင်း မျက်လုံးတွေပြန်ဖွင့်လိုက်တော့ .
အနားရောက်လာတဲ့ရှောင်းကျန့်က အဆင်သင့်ရှိနေတဲ့ဘေးခုံမှာဝင်ထိုင်လာတယ် ။
" ဖိနပ်အသစ်ဝယ်လိုက်တာလား "
ရိပေါ် သူ့အောက်သူပြန်ငုံ့ကြည့်ရင်း ဖိနပ်ဖြူဖြူအသစ်စက်စက်ဝတ်ထားတဲ့ ခြေထောက်တွေကိုအနောက်တောင်ဆုတ်မိလိုက်တယ် ။
" ဖိနပ်အသစ်အနံ့ရတယ် "
" အင်း ဟုတ်တယ် "
ပြန်ဖြေသံကြားတော့မှ ပေါ်လာတဲ့အပြုံးတွေကို သူကြည့်တယ် ။ ဒီလူက မသိတာမရှိတဲ့လူပါပဲ ။
' ရှင် နောင်တမရဘူးလား '
' နောင်တရစရာမရှိဘူး . ကိုယ်မင်းကိုချစ်ခဲ့ရတာ ဝမ်းသာစရာပါ '
" ကိုယ်မင်းကိုချစ်ခဲ့ရတာ ဝမ်းသာစရာပါ "
ဇာတ်လမ်းတွဲထဲကစာသားအတိုင်း လိုက်ပြောသံက နူးညံ့ပြီးတိုးငယ်ညင်သာတယ် ။ ရိပေါ်ရဲ့အာရုံကတော့ ဇာတ်လမ်းထဲမှာဟိုးအစထဲက မရှိခဲ့တာဖြစ်တယ် ။
" ကြည့်ကောင်းလား "
ရုတ်တရက်အမေးကြောင့် တီဗွီဆီတစ်ဖန်ပြန်ကြည့်ရင်း သူဖြေလိုက်ရတယ် ။
" ကောင်းပါတယ် . ဒါပေမယ့် မင်းသားကရည်းစားရှုပ်တဲ့ ဆံပင်ရွှေအိုရောင်နဲ့ကောင်လေးပဲ "
YOU ARE READING
Your Eyes Tell《 Completed 》
Fanfiction[ YiZhan ] - Full Credit This is a remake version of 《 Your Eyes Tell 》. Some of the dialogue with the characters i will use here is from the movie.