" ရှောင်းကျန့် .. မင်း ပြောင်းပြီလား .. ဒီမှာ မင်းအခန်းပဲကျန်တော့တယ်နော် "တံခါးအပြင်ဘက်မှ တိုက်ခန်းပိုင်ရှင်ရဲ့အသံက ငြိမ်သက်နေတဲ့ဧည့်ခန်းထဲထိတောင်ပျံ့လွင့်တယ် ။ ခုံပေါ်မှာရှိနေတဲ့ တိုက်ခန်းမှဖယ်ရှားပြောင်းရွှေ့စာရွက် နဲ့အတူ ရှောင်းကျန့်ဟာ ခုံပေါ်မှာငြိမ်ငြိမ်သက်သက် . အုမိကလည်း သူ့သခင်မျက်နှာကိုမော့ကြည့်လို့နေတယ် ။
ဒီတိုက်ခန်းတွေကဖျက်တော့မယ့်စီမံကိန်းထဲမှာပါနေတာမို့ နေထိုင်သမျှလူတိုင်းက ပြောင်းရွှေ့ပေးရတော့မှာဖြစ်တယ် ။
ရှောင်းကျန့် ကြာသလောက်ထိအချိန်ဆွဲနေနေပေမယ့် ရိပေါ်ကရောက်မလာခဲ့ဘူး . သူ ဒီနေရာကနေထွက်သွားရင် ရိပေါ်ပြန်လာတဲ့အခါ မတွေ့မှာစိုးရိမ်တယ် ။
ပြောရရင် ရိပေါ် သူ့ဘဝထဲကပျောက်သွားခဲ့တာ သူ့မျက်လုံးတွေစမြင်ထဲက .
ဘာကြောင့်ရယ်လို့မသိ ၊ ပြန်ရှာတွေ့ဖို့အစအနမရှိ နဲ့ နောက်ဆုံး ရိပေါ်ရဲ့မျက်နှာကိုတောင် သူမမြင်ခဲ့ဖူးပါဘူး ။ ဝမ်ရိပေါ် ဆိုတဲ့နာမည်တောင် နာမည်ရင်းဟုတ်မဟုတ် သူ မသိဘူး ။
" ရှောင်းကျန့် ဟုတ်တယ်မှတ်လား? တော်သေးတာပေါ့ အိမ်ပြောင်းခါနီးလေးမှီလို့ .. ပါဆယ်ရောက်လာပါတယ် . ဝမ် ရိ ပေါ် ဆီကပါ "
ဒလီသမားကို သူ ကြောင်ငေးမိရင်းမှ . စက္ကူဘူးကို အလျင်အမြန်ယူလိုက်တယ် ။ အပေါ်မှာရေးထားတဲ့နာမည်မှာ တကယ်ကို ဝမ်ရိပေါ်ရဲ့ နာမည်ဖြစ်နေခဲ့တယ် ။
ပရိဘောဂပစ္စည်းတွေကို အလုပ်သမားတွေ ကားပေါ်တင်နေတုန်း ရှောင်းကျန့်က စက္ကူဘူးကို အိမ်ထဲယူလာခဲ့တယ် ။ မသယ်ထုတ်ရသေးတဲ့ စားပွဲခုံပေါ်မှာတင်လိုက်ပြီး ပါကင်ဖောက်လိုက်တယ် ။
မြင်လိုက်ရတာက သစ်သားနဲ့လုပ်ထားတဲ့ သံစဥ်သေတ္တာလေးတစ်လုံး .
ထပ်ထွက်လာတဲ့လိပ်စာကဒ်လေးက ရှောင်းကျန့်အတွက် လမ်းစတစ်ခုရလိုက်သလိုပါပဲ ။
...
" စောင့်နေပေးတာကျေးဇူးတင်ပါတယ်နော် "
ဘုရားကျောင်းထဲဝင်လာတဲ့ အသံနဲ့ စစ်စတာကြောင့် ရှောင်းကျန့်က ထနှုတ်ဆက်လိုက်တယ် ။
" မင်းကို .. ရိပေါ်ဆီက မင်းအကြောင်းတွေ အများကြီးကြားဖူးတယ် "
စစ်စတာကိုယ်တိုင်လည်း ရှောင်းကျန့်ကိုမြင်တော့ထင်ထားတာထက် ပိုပြီး ရိပေါ်ဘာကြောင့် ဒီလူအပေါ်ချစ်မြတ်နိုးရတာလဲဆိုတာကို နားလည်သွားတယ် ။
" တန်ဖိုးရှိတဲ့လူတစ်ယောက်နဲ့ဆုံခွင့်ရခဲ့တာပါပဲ .. ဒါပေမယ့် ရိပေါ်က မင်းအနားမှာနေဖို့ မထိုက်တန်ဘူးလို့ပြောတယ် "
စစ်စတာပြောတဲ့စကားကို သူနားမလည်ခဲ့ဘူး ။ ရိပေါ်လိုလူက သူ့အတွက်ဟိုးအစကနေအဆုံးထိအမြဲလိုအပ်ချင်မိတဲ့လူတစ်ယောက်
" အဲ့ဒီနေ့ .. ကားမတော်တဆမှုက ... "
ရှောင်းကျန့်ဟာ နားထောင်နေခဲ့ရင်း သူ့မျက်ဝန်းအိမ်မှာတောင် တစတစပြည့်လျှံလာတဲ့မျက်ရည်ကြည်တွေကို သတိမထားမိခဲ့ဘူး ။
ဒီလိုအဖြစ်အပျက်မျိုး ဘာလို့များကြုံခဲ့ရတာလဲ? သူ့အနားမှာနေခဲ့တစ်လျှောက် ဘယ်လောက်များတစ်ယောက်ထဲ မြိုသိပ်ခံစားနေခဲ့ရမလဲ .
" ရိပေါ်က သူ့ကိုယ်သူအမြဲအပြစ်နေခဲ့တာ "
ဘုရားကျောင်းထဲ နင့်နင့်သည်းသည်းငိုရှိုက်သံက တားဆီးမယ့်လူမရှိဘူး ။
.
.ဒီရက်တွေထဲမှာ ရိပေါ်ကို သူပိုလွမ်းတယ် .
တစ်နေ့ပြီးတစ်နေ့ စောင့်လာတဲ့ရက်တွေများပေမယ့် သူ စောင့်နေတုန်းပဲ ။ ရိပေါ်ရဲ့သတင်းအစအနလေးတောင် မသိရပေမယ့်လည်း ..စစ်စတာကပြောတယ် ၊ အဲ့ဒီသေတ္တာလေးတောင် သူတို့ဆီအပ်ထားခဲ့တာတဲ့ .. ရိပေါ် ဘယ်မှာရှိကြောင်းကို သူတို့တွေလည်းတကယ်သိပုံမပေါ်ဘူး ။
ရှောင်းကျန့်က သူ့မျက်လုံးတွေကိုမှိတ်လိုက်တယ် ။ အရှေ့က ရွံ့စေးနဲ့ရုပ်ထုကို မျက်နှာပုံစံဖြစ်အောင် လုပ်နေတာဖြစ်တယ် ။ တိတိကျကျပြောရရင် ရိပေါ်ရဲ့မျက်နှာပုံစံ . သူ မှတ်မိသလောက် မျက်လုံးမှိတ်ပုံဖော်ရင်း ရိပေါ်နဲ့အတူရှိတုန်းက ကိုင်နေကျမျက်နှာအစိတ်အပိုင်းတွေနဲ့ တူညီအောင်ကြိုးစားနေတာ ..
ဒါပေမယ့် . ဒါပေမယ့်လည်း
မပြီးသေးတဲ့မျက်နှာရုပ်ထုကို အဆုံးမသတ်နိုင်ခင် ရှောင်းကျန့်က ငိုခဲ့ပြန်တယ် ။ ဒီရုပ်ထုက သူ့ရဲ့ရိပေါ်မှမဟုတ်ဘဲ .. ။
...
BINABASA MO ANG
Your Eyes Tell《 Completed 》
Fanfiction[ YiZhan ] - Full Credit This is a remake version of 《 Your Eyes Tell 》. Some of the dialogue with the characters i will use here is from the movie.