ဆူညံနေတဲ့ကလပ်ထဲ ကနေတဲ့လူတွေကြားကျော်ဖြတ်ဝင်လာပြီး ထောင့်စွန်းခုံကိုသွားတော့ ရှေ့ကနေ ကာရပ်လာတဲ့ အစောင့်နှစ်ယောက်ကို ရိပေါ်တွန်းထုတ်ပစ်လိုက်တယ် ။ခုံမှာ ခပ်လျော့လျော့ထိုင်ပြီးသောက်စားနေတဲ့ ရှန့်ကျီ ကို မြင်တာနဲ့
" ငါ သူနဲ့လမ်းခွဲလိုက်ပြီးပြီ . ငါတို့ကိစ္စတွေထဲ သူ့ကိုဆွဲမထည့်ဖို့ ကတိပေး "
" သူရဲကောင်းဆန်လိုက်တာကွာ "
ရိပေါ်ဘာမှမပြောဘဲ စိုက်ကြည့်နေတဲ့အခါမှ ရယ်နေတဲ့ရှန့်ကျီဟာလည်း တိတ်သွားရင်းပြောတယ် ။ ငါနားလည်ပြီဆိုတဲ့ စကားပါပဲ ။
" တစ်ပွဲပဲပါပေးရင်ရပြီ . မင်းနိုင်ရင် ငါမင်းကိုလွှတ်ပေးမယ် "
" ထိုးခ "
" ဒါပေါ့ . ငါပေးမှာပေါ့ "
" အခုပေး "
ရိပေါ်ပြောလိုက်တဲ့အခါမှာတော့ ဘေးကနေ ထိုင်နေတဲ့ရှန့်ကျီရဲ့လူတစ်စုက ဝုန်းခနဲထလာတယ် ။ သူတို့ခေါင်းဆောင်ကို နယ်မြေထဲထိ ပမာမခန့်လာလုပ်နေတဲ့ သူ့ကို အကုန်လုံးကထိုးကြိတ်ချင်နေကြတာ . ရှန့်ကျီကတော့ တဟက်ဟက်ရယ်ရင်းသာ ပိုက်ဆံအိတ်ကို စားပွဲပေါ်ပစ်တင်ပြီး
" အရင် စရန်သတ်ထားမယ် "
ပိုက်ဆံအိတ်လိုက်ကို ရိပေါ်ကောက်ယူပြီးတာနဲ့ ထိုထဲက ထွက်လာခဲ့တယ် ။
.
." ဝမ်ရိပေါ် မင်းရူးနေလား! "
အစ်ကိုကျိုးက သူ့ရဲ့အင်္ကျီလည်ပင်းစကနေဆွဲကိုင်ဆုတ်ပြီးအော်ဟစ်မေးတယ် ။ ရိပေါ်ရဲ့အသိမရှိတော့တဲ့လူတစ်ယောက်လို ဘာမှမတုန့်ပြန်တဲ့အခါ အစ်ကိုကျိုးက လွှတ်ပေးသွားပြီး အားမလိုအားမရနဲ့ပြောတော့တယ် ။
" မင်း .. မင်းကွာ . ဒါနောက်ဆုံးပွဲစဥ်ကွ ချန်ပီယံကိုတောင်စွန့်လွှတ်တော့မလို့လား .. မင်းရဲ့ပါရမီနဲ့ဆို ..
.. လုပ်ချင်တာသာလုပ်ကွာ! "
တောက်တစ်ချက်ချက်ခေါက်ရင်း အခုလိုသူချလိုက်တဲ့ဆုံးဖြတ်ချက်ချတဲ့အပေါ် နှမြောတသဖြစ်ပြီးယူကျုံးမရခံစားနေတာ . နောက်ဆုံးပွဲကိုလွှတ်လိုက်မှ ရှန့်ကျီတို့ဘက်က ပြိုင်ပွဲမှာသူပါနိုင်မှာ ။ ပြီးရင် သူဘယ်တော့မှ အဲ့ဒီဘက်ကိုထပ်သွားစရာအကြောင်းမရှိတော့ဘူး ။
YOU ARE READING
Your Eyes Tell《 Completed 》
Fanfiction[ YiZhan ] - Full Credit This is a remake version of 《 Your Eyes Tell 》. Some of the dialogue with the characters i will use here is from the movie.