(4)-2

39 4 0
                                    

''လာ လေယာဉ် ချိန်နီးနေပြီ''

"ဟုတ်''

''ငါပြောရင်ဟုတ်ကဲ့လို့ပြန်ဖြေ''

''ဟုတ်ကဲ့''

နောက်ဆုံးတော့လေယာဉ် ပေါ်ရောက်
သွားသည်။လေယာဉ် ပေါ်တွင်
အိပ်ချင်လာ၍ထင်သည်။ငိုက်နေသော
ထိုကလေးကိုကြည့်ပြီးတစ်ဖြည်းဖြည်းဒေါသ
ထွက်လာခဲ့သည်။

သူစိတ်သူအစိုးမရပါဒါကြောင့်မြန်မြန်
ရောက်ဖို့ဆုတောင်းနေမိသည်။
အချိန်တစ်ခုကြာပြီးနောက်မှာတော့
သူ့နိုင်ငံကိုပြန်ရောက်ခဲ့ပြီ...

''ကင်နမ်ဂျွန်း''

''.......''

အိပ်ပျော်နေပြီဖြစ်သောထိုကလေးက
နိုးမလာတော့သူလည်းစိတ်
ရှည်စွာမနှိုးဘဲလက်ကနေစောင့်ဆွဲလိုက်
ပြီးအတင်းဆွဲခေါ်သွားမိသည်။

ကားနားရောက်ခါနီးတွင်လဲကျသွားသော
ထိုကလေးကိုစိတ်မရှည်စွာပြန်ကြည့်
ရင်းငိုတော့မည့်ကလေးအား

''ဘာလုပ်နေတာလဲ!!မထသေးဘူးလား!!
ငိုမယ်တော့မကြံနဲ့နော်...ကင်နမ်ဂျွန်း...
ငါမကြိုက်ဘူး''

ခပ်တင်းတင်းပြောလိုက်တော့
ဝေ့သီနေသောမျက်ရည်များကိုအကျ
မခံတော့ဘဲငိုချင်တာကိုအောင့်ထား
တော့ရှိုက်သံတစ်ချို့ထွက်လာပေမယ့်
လုံးဝမငိုပေ...

''လာ''

ပြောလိုက်သည်နှင့်သူ့လက်အား
ဆုပ်ကိုင်ကာသွားဟန်ပြင်ပြီးမှသူ့ကို
ပြန်ကြည့်နေသောထိုကလေးအား
သူကဦးဆောင်ကာကားဆီခေါ်သွားလိုက်သည်။

''ကင်နမ်ဂျွန်း''

''ဟုတ်ကဲ့''

''မင်းဒီမှာကျောင်းတက်ရမယ်''

''ဟုတ်ကဲ့''

''ကျောင်းမှာအဆင့်တစ်ကလွဲရင်ငါတစ်ခြား
အဆင့်မမြင်ချင်ဘူးတစ်လထက်တစ်လ
အမှတ်ကျသွားတာမမြင်ချင်ဘူးအဲ
လိုဖြစ်လာခဲ့ရင်ငါကမင်းကိုအပြစ်ကောင်းကောင်း
ပေးမယ်သဘောပေါက်တယ်နော်''

အတ္တထဲပျောက်ကွယ်ခဲ့သောချစ်ခြင်းWhere stories live. Discover now