ဟိုဆော့တစ်ယောက်နမ်ဂျွန်းပြော
တာတွေကိုနားထောင်နေပေမဲ့လည်း
တစ်ကယ်ကိုနားမလည်နိုင်ဖြစ်နေသည်။နမ်ဂျွန်းရဲ့အဖေကဟိုဆော့
ကိုအိမ်အလည်ခေါ်သည်တဲ့လေ
ဒါကတစ်ကယ်ကောဖြစ်နိုင်ရဲ့လား
နမ်ဂျွန်းကသူ့အဖေကိုကြောက်တာ
ကြောင့်သူငယ်ချင်းမထားဘူးတာ
ကိုယ်အသိဆုံးသူတောင်မှအတင်း
လိုက်ခင်ခဲ့လို့သူငယ်ချင်းဖြစ်ခဲ့ရသည်
မဟုတ်လား...ဒါပေမဲ့တစ်ကယ်လိုနမ်ဂျွန်းပြောတာ
အမှန်ဆိုရင်တော့ပျော်စရာကြီးပေါ့...
သူတစ်ကယ်ကိုမယုံနိုင်အောင်လည်း
ဖြစ်မိသည်။'' နမ်ဂျွန်းရာသေချာရဲ့လား?
နောက်မှတစ်မျိုးပြောင်းနေရင်ဘယ်
လိုလုပ်မလဲ ? '''' မပြောင်းပါဘူး...ဒယ်ဒီကိုယ်တိုင်ပြော
လိုက်တာကို...ဟိုဆော့ကမလည်ချင်လို့လား ? '''' မဟုတ်တာ...တစ်ကယ်ဆိုတော့
ကောင်းတာပေါ့...ငါကတစ်ကယ်မဟုတ်
မှာကိုကြောက်လို့ပါ '''' ဘာမှကြောက်စရာမလိုဘူး ''
'' သူပဲအစကတော့အသားကုန်
ကြောက်နေခဲ့ပြီး '''' အင်းအစကတော့ဒယ်ဒီက
ကြောက်ဖို့ကောင်းတယ်လေဒါပေမဲ့
ခုတော့အဲလောက်မဟုတ်တော့ပါဘူး '''' အင်းပါ...ဒါဆိုကျောင်းပိတ်ရင်
လာလည်မယ်နော် '''' အင်း ''
သူ့အတွက်ခုတော့ကျောင်းတက်ရက်
ကောကျောင်းပိတ်ရက်ကောသာယာတော့
မည်ပင်...ဟိုဆော့အနားမှာရှိတာသိပ်
ပျော်တာပဲ...တစ်သက်လုံးရှိနေရင်ကောင်း
မယ်...ဒါပေမဲ့အဲတာကမဖြစ်နိုင်တာကြီး...ဟိုဆော့ကောသူကောကျောင်းဆင်း
တော့အတူတူပြန်ထွက်လာခဲ့သည်။
ဟိုဆော့ကိုလာကြိုသောကားမရောက်
သေးသော်လည်းနမ်ဂျွန်းကိုတော့သူ့
အဖေကလာခေါ်နေပြီ...'' ဂျွန်း...ဟိုမှာမင်းအဖေမဟုတ်လား? "
" အင်း...လာလေဟိုဆော့ငါ
မိတ်ဆက်ပေးမယ် ''
YOU ARE READING
အတ္တထဲပျောက်ကွယ်ခဲ့သောချစ်ခြင်း
Fanfictionကိုယ်မှမပိုင်ဆိုင်ရရင်တစ်ခြားသူပိုင်မှာကိုလည်းမကြိုက်ဘူး အချစ်တွေအများကြီးပေးထားမယ်အတ္တဆန်တဲ့အချစ်ပေါ့