(7)

33 3 0
                                    

နေ့မှန်းညမှန်းမသိရအောင်မည်းမှောင်
နေသောအခန်းတွင်းသို့အလင်းက
တစ်စက်လေးမျှဝင်မလာပေ...ထားခဲ့သည့်
အတိုင်းထိုနေရာကမရွေ့သေးဘဲ
ဒီအတိုင်းမတ်တပ်ရပ်နေမိတုန်းဘဲ...

ဗိုက်လဲမဆာ...ရေလဲမသောက်ချင်...
ဒီအခန်းထဲကကိုမထွက်ချင်ပါ...
အလင်းရောင်လည်းမလိုတော့တာမို့အခန်း
တံခါးဖွင့်လာမှာကိုအကြောက်ဆုံးပင်...

တစ်ခြားကလေးတွေလိုငိုကြွေးနေဖို့မလို
သူငိုနေလည်းဂရုမစိုက်သူကတော့
ဂရုစိုက်မည်မဟုတ်...သူကအမှောင်လူသား
တစ်ဦးလိုမျိုး...အမှောင်မှာပျော်မွှေ့ပြီး
အမှောင်ထဲမှာသာနေချင်နေမိသည်။

သူ့ကိုထည့်ထားသောအခန်းရဲ့
အမှောင်ထုကသူ့အားမမွန်းကြပ်စေပါ...
ထိုအမှောင်ထုကိုဖြိုခွင်းပြီးထွက်ပေါ်
လာမဲ့အလင်းရောင်နဲ့အတူမြင်ရမယ့်
မျက်ဝန်းတစ်စုံကသာသူ့အားမွန်းကြပ်စေပါသည်။

ရပ်နေတာဘယ်လောက်ကြာပြီမှန်း
မသိပေမယ့်...
ထိုင်ဖို့ကိုလည်းမစဉ်းစားဘူး...
ခြေထောက်တွေထုံကျင်နေပေမယ့်...
အဆင်ပြေတယ်
ကျေးဇူးပြုပြီးတံခါးတွေသာ
ပွင့်မလာပါစေနဲ့...

စိတ်ထဲမှကြိတ်၍ဆုတောင်းခြင်းသည်
ပြည့်စုံစေသည်လားတော့မသိပါ
တံခါးတွေသည်ပိတ်ထားမြဲဖြစ်ပြီးအနည်း
ငယ်မျှဖွင့်ဟလာခြင်းမရှိပေ...

ဒါပေမယ့်လည်းအချိန်တစ်ခုကြာပြီးနောက်မှာတော့
သူမပွင့်စေချင်သောထိုတံခါးတွေဟာပွင့်လာခဲ့သည်။

အလင်းရောင်တွေဟာအခန်းအတွင်းသို့
ဖြာခနဲအလုအယှက်ဝင်လာတော့
မျက်စိကျိန်း၍အံတုခြင်းငြာမတတ်နိုင်ဘဲ
အရှုံးပေး၍မျက်ဝန်းများကိုမှိတ်ထားလိုက်သည်။

''KIM NAM JOON''

တိုးလျသောအသံလေးသည်သူ့နားသို့
ခက်ထန်စွာဝင်ရောက်လာသည်။
ဖြည်းညင်းစွာပြန်ဖွင့်လာသောမျက်ဝန်းတွင်
ပုံရိပ်တစ်ခုကပနံသင့်စွာပင်ပေါ်လာသည်။

အံ့သြနေသောမျက်ဝန်းတစ်စုံကို
အားမာန်မပါသောအကြည့်တို့ဖြင့်သာ
ပြန်ကြည့်ပြီးသူ့ဘက်မှဦးစွာ
နှုတ်ဆက်လိုက်သည်။

အတ္တထဲပျောက်ကွယ်ခဲ့သောချစ်ခြင်းWhere stories live. Discover now