(12)

41 2 2
                                    

ညနေခင်းနေဝင်ချိန်ဆည်းဆာသည်
သိပ်ကိုလှပသောအရာတစ်ခုလို့
လူအများကသတ်မှတ်သည်ကိုအစက
လက်မခံလိုသော်လည်းခုတော့
သူကိုယ်တိုင်လှသည်ဟုထင်မိလေသည်။

သိပ်ကိုလှပသောနေလုံးကြီးကပင်လယ်
ဒါမှမဟုတ်တောင်တန်းနောက်ကိုပျောက်
ကွယ်တိုးလျှိုးဝင်သွားသည်မှာ
သူ့ဘဝထဲမှမကောင်းသောအရာတွေ
လည်းပျောက်သွားသကဲ့သို့ရှိသည်။

'' ဟက်...အစတည်းကလှပမှန်းသိခဲ့ရင်
နေဝင်ဆည်းဆာတွေကိုစောင့်မျှော်
ကြည့်ရှုကောင်းပါရဲ့ ''

လှောင်ရယ်ကာအဆုံးသတ်တိုးဝင်
သွားသောစကားသံတို့သည်
သူ့ရဲ့ဘဝကိုထင်ဟပ်သည့်နှယ်...

'' ကင်နမ်ဂျွန်း... ''

တုန်လှုပ်ခဲ့ရတဲ့အသံတစ်ချို့
ကြောက်လန့်ခဲ့ရတဲ့မျက်ဝန်းနက်တွေ
ထွက်ပေါက်ပိတ်ခဲ့တဲ့နေ့ရက်
တွေကဟိုဆော့ထွက်သွားတဲ့နေ့က
စတင်လာခဲ့တယ်...

သူ့အပေါ်ကြင်နာခဲ့သောဒယ်ဒီသည်
ဟိုဆော့ဘယ်ရောက်သွားမှန်း
မသိသောနေ့မှပင်စပြီးသူ့အားမုန်း
တီးရွံ့ရှာသလိုသာပြန်ဆက်ဆံသည်။

တိုးတက်သွားသောအခြေနေတစ်ခု
သည်ခုသူသည်ဒယ်ဒီရဲ့မွေးစားသား
မဟုတ်တော့ပေ...


လက်ထပ်ထားသောခင်ပွန်းလောင်း
တစ်ယောက်ဖြစ်ပြီးပွဲအလယ်တွင်ထုတ်ပြ
ကြေညာခဲ့ပြီးသူ့အားတစ်ခြားပိုင်ရှင်
မရှိစေရန်အတိအလင်းကြေညာ
ခဲ့သည်။


သို့သော်ခဲဆွဲထားသာနှလုံးသားတို့သည်
ကန်ရေပြင်အောက်နစ်သထက်နစ်
မြုပ်သကဲ့သိုခိုဝင်နေရာယူထားသော
သူ့နှလုံးသားနေရာလေးတွင်ဟိုဆော့က
ရှိနှင့်နေ၍သူဒယ်ဒီကိုပြန်မချစ်ခဲ့...


ဒါပေမဲ့...ဒယ်ဒီလည်းထိုနည်း၎င်းပင်
သူ့အားမချစ်မနှစ်သက်ဘဲအရုပ်
တစ်ခုလိုသဘောထားကာသိမ်းပိုက်ခဲ့
သလိုပင်...




'' နမ်ဂျွန်း!!ငါခေါ်နေတာကြာပြီ
ဘာလို့ဒီလောက်ကြာနေတာလဲ? ''

'' မဟုတ်ပါဘူး...ကျွန်တော်အဝတ်
ရှာနေတာပါ...hyung ''

ဒယ်ဒီနဲ့လက်ထပ်ပွဲလုပ်ပြီးတည်းက
ဒယ်ဒီလို့မခေါ်တွင်စေဘဲ
hyungလို့သာခေါ်ခိုင်းခဲ့သည်။

အတ္တထဲပျောက်ကွယ်ခဲ့သောချစ်ခြင်းWhere stories live. Discover now