(6)

28 3 0
                                    

ကြီးမားကျယ်ဝန်းသောခြံကြီးထဲသို့
ကွေ့ကာဝင်သွားသောကားကားကြီးသည်
ခမ်းနားသောစံအိမ်ရှေ့တွင်တိခနဲရပ်
သွားပြီးကားထဲမှလူတစ်ဦးဒေါသ
ကြီးစွာကားပေါ်မှဆင်းလာသည်။

နမ်ဂျွန်းအခုထိကားပေါ်မှမဆင်းရသေး
သူမဆင်းရဲသေးပါသေချာပေါက်ဒေါသထွက်
နေတဲ့ဆော့ဂျင်ကိုသူရင်မဆိုင်ရဲ၍
ကားပေါ်မှာသာထိုင်နေမိသည်။

''kim nam joon!!!"

သို့သော်ကြာကြာမထိုင်လိုက်ရဘဲ
အိမ်ထဲမှာအိမ်ပြင်သို့ဟိန်းကာထွက်လာသော
အော်ခေါ်သံကြောင့်ကြောက်လန့်မိ၍
တုန်တောင်တုန်သွားရသည်။

မျက်ရည်တို့ဟာလည်းမျက်ဝန်းတွင်
အပြည့်နေရာယူလျက်...မကြာခင်ရွာချတော့မည့်
မိုးတိမ်စိုင်ပမာ...ဖွဲ့တည်လျက်ရှိသည်။

ကားတံခါးကိုဖွင့်ကာအိမ်ထဲသို့ဝင်
သွားလိုက်သည်နှင့်စူးရှသောမျက်ဝန်းအစုံ
ကသူ့အားစိုက်ကြည့်နေသည်။
ဖူးရွနေသောနှုတ်ခမ်းထူထူတို့က
ဒေါသကြောင့်ခပ်တင်းတင်းစေ့ပိတ်လျက်
သူ့အားမြင်သည်နှင့်တစ်စတစ်စပို၍
အေးစက်လာသောအကြည့်ဟာ
ပတ်ဝန်းကျင်ကိုပင်အေးခဲစေနိုင်သလားမသိပါ...

''လာစမ်းပါအုန်း...ကင်နမ်ဂျွန်း..
ဒါကဘာအချိုးချိုးတာလဲ!!?ဟမ်...ငါမှာ
တာတွေအကုန်လုံးကိုနေ့မကူးခင်
မင်းကမလိုက်နာဘူးပေါ့လေ..ဟုတ်လား''

''မ..မဟုတ်...ပါဘူး''

''ဘာကိုမဟုတ်တာလဲ?!!ဟမ်...ဒီမှာကြည့်
ဒီခြင်းတောင်းကမနက်ကအကောင်း
ခုမှဒီလိုဖြစ်သွားတာအဲ့တာဘယ်သူလုပ်တာ
လဲ?မင်းမဟုတ်လား.,ပြီးတော့သူငယ်ချင်း
မထားနဲ့ဆိုတာကိုလက်ချင်းတောင်တွဲလာသေးတယ်
မင်းကငါ့ကိုရွဲ့နေတာလား!...''

''မဟုတ်ပါဘူး...သူငယ်ချင်းမထားပါဘူး
အဲတာက...ဟို..သားဘေးနားမှာထိုင်တဲ့သူပါ
ဆရာမကမိတ်ဆက်ပေးလို့ပါ''

''ငါ့ကိုဆင်ခြင်လာပေးမနေနဲ့...မင်းကလေ
မင်းမိဘတွေနဲ့တစ်ပုံစံထဲဘဲ...အချိုးကိုမပြေဘူး''

အတ္တထဲပျောက်ကွယ်ခဲ့သောချစ်ခြင်းWhere stories live. Discover now