ရက်တွေတစ်ဖြေးဖြေးကုန်ဆုံးပြီးနောက်
လတွေတောင်ကုန်လွန်ခဲ့သည်မှာသုံးလကျော်
ပြီဖြစ်သည်။သူမလိမ်တမ်းဝန်ခံရမယ်ဆိုရင်
ဟိုဆော့လာသွားတဲ့နေ့ကစပြီးနောက်
နေ့တွေတစ်ရက်မကျန်အောင်
မျှော်နေမိခဲ့သည်။ဒါပေမဲ့ပေါ်မလာခဲ့ပါ...
သူတွေ့ချင်ခဲ့သောသူသည်
သူ့အတွေးကလွဲရင်အိပ်မက်ထဲ
တောင်ရောက်မလာခဲ့ပေ,'' နမ်ဂျွန်း ''
'' ဟုတ် ''
'' ငါမနက်ဖြန်အလုပ်နဲ့
ခရီးသွားဖို့ရှိတယ်,...ဘယ်နှစ်ရက်ကြာ
မယ်မပြောတတ်ဘူးအဲတာကြောင့်
မင်းပါလိုက်ခဲ့ '''' ဗျာ...ပုံမှန်လည်းhyungခရီး
သွားရင်ကျွန်တော့်ကိုအစားသောက်
တွေဝယ်ပြီးထားခဲ့တာပဲမလား?
ကျွန်တော်မလိုက်ချင်ဘူး '''' နမ်ဂျွန်း !!! မင်းကိုယ်မင်းဘယ်
လိုအဆင့်ထင်လို့ငြင်းရဲတာလဲ?
ငါ့စကားကိုလွန်ဆန်ရဲတယ်ပေါ့!!!
မင်းအကောင်ရောက်လာလို့သတ္တိတွေ
ပေါ်လာတာလား ? '''' မဟုတ်ပါဘူးhyung...
ကျွန်တော်လူရှုပ်တဲ့နေရာမသွား
ချင်လို့ပါ '''' မလိုချင်ဘူး...ငါကလိုက်ခဲ့ဆို
လိုက်ခဲ့ '''' ဟုတ်ကဲ့ ''
နေ့ရက်တိုင်းဟာစိတ်ကျဉ်းကျပ်
စွာနဲ့ရှင်သန်နေရတာသိပ်ကိုပင်ပန်း
တာပဲ...တစ်ခါတစ်လေငှက်လေးတွေ
လိုအတောင်ဖြန့်ပြီးပျံသွားလိုက်
ချင်တယ်...သူဟာငှက်လိုအတောင်ဖြန့်
ပျံသွားလို့ရရင်တောင်hyungက
သူ့အတောင်ကိုချိုးပြီးလှောင်ချိုင့်
ထဲဖမ်းထည့်မည့်သူပင်...'' မနက်စာပြင်တော့ ''
'' hyung ''
'' ဘာလဲ ''
မာလွန်းတဲ့လေသံဟာ
တိုးလျလျပဲထွက်ပေါ်လာတယ်...
စားပွဲပေါ်ကလက်တော့(ပ်)အစား
သူ့မျက်နှာကိုကြည့်လာကာအာရုံ
စူးစိုက်မှုအပြည့်ပေးထားသော်လည်း
သူပြောရမှာသိပ်မဝံ့ရဲပေ...'' ဘာမှပြောစရာမရှိဘဲခေါ်တာလား?
ခေါ်ပြီးပြောလေ...ငါအလုပ်ရှုပ်နေတာသိရက်
နဲ့မနှောက်ယှက်စမ်းနဲ့ ''
YOU ARE READING
အတ္တထဲပျောက်ကွယ်ခဲ့သောချစ်ခြင်း
Fanfictionကိုယ်မှမပိုင်ဆိုင်ရရင်တစ်ခြားသူပိုင်မှာကိုလည်းမကြိုက်ဘူး အချစ်တွေအများကြီးပေးထားမယ်အတ္တဆန်တဲ့အချစ်ပေါ့