Part - 6 (Unicode)

16.6K 1.6K 206
                                    



တအုန်းအုန်းရွာနေသော မိုးသီးမိုးပေါက်တွေက ပြတင်းမှန်ပြင်ကို ခပ်ကြမ်းကြမ်းရိုက်ခတ်နေသည်။ မည်းမှောင်နေသော မဟူရာကောင်းကင်ကြီးမှာ ကမ္ဘာမြေအပေါ် အငြှိုးများကြီးနေသလား။ မရပ်မနားတန်း ရွာသွန်းခဲ့သောမိုးသည် တစ်နာရီကျော်ကြာသည်ထိ အရှိန်အဟုန်‌ ကောင်းနေဆဲဖြစ်၏။

တဟုန်းဟုန်းတိုက်ခတ်ခဲ့သော လေတသုန်သုန်ကြောင့်လည်း လျှပ်စစ်မီးက အလိုအလျောက် ပြတ်တောက်သွားခဲ့ပြီ။ ဒါမို့ အရာရာ မှောင်မည်းခြင်းအတိ။ ပတ်ဝန်းကျင်သည် သူ သည်တိုက်ခန်းကို စရောက်ခါစကလို ကားသံ၊ ဟွန်းသံတွေ၊ အရှေ့လမ်းက ကလေးတွေ၏ ငြင်းခုံ၊ ဆော့ကစားသံတွေမရှိတော့။ တဝေါဝေါမိုးသံတို့ကသာ ဝန်းကျင်တစ်ခုလုံးကို ကြီးစိုးထားသည်။

ထိုအချိန် သုံးလွှာကအခန်းငယ်လေးထဲတွင် အဖြူရောင်မီးလေးတစ်စ။ အင်ဗာတာအားကိုးပြီး တစ်ကိုယ်ရည်စာဖွင့်ထားသည့် မီးလုံးကလေးပင်။ ထိုအခန်းတွင်း၏ အိပ်ရာပေါ်မှာတော့ အနှီလူသားတစ်ဦး။ မှန်ပြတင်းကိုကြည့်ရင်း တွေတွေကလေးဖြစ်နေပုံမှာ စိတ်ဝိဉာဉ်က သူ့ကိုယ်တွင် ကပ်လျက်ချပ်လျက်ရှိမနေသည့်နှယ်။

ပြန်ရောက်ကတည်းက ထမင်းမစား၊ ရေမချိုးသော အနှီလူသားသည် တစ်နေ့တာအဖို့ အားအင်တွေကုန်ခမ်းခဲ့ပြီးဖြစ်၏။ လူနာတွေကို နေကောင်းအောင်ကုပေးရသည့် ဆရာဝန်အတွက် ကိုယ်တိုင်ကတော့ စိတ်နှလုံးမချမ်းသာ။ ခန္ဓာကိုယ်ကို ကုတင်ခေါင်းရင်းကနံရံဆီ မှီတွယ်ထားရသည်အထိ သူ နွမ်းလျနေခဲ့တာ။

သေချာပေါက် မနက်က အဖြစ်အပျက်ကြောင့်ပေါ့။

ခပ်တွေတွေရှိနေသော ထိုသူမှာ ပြတင်းမှန်ကို  စင်စစ်မြင်နေခြင်းမျိုးမဟုတ်။ ဟိုးလွန်ခဲ့သော(၇)နှစ်ကျော်က ပထမထပ်လှေကားအကွေ့လေးကို မြင်ယောင်နေသည်။ အကြားအာရုံတွင်လည်း မိုးသံတို့ ကြီးစိုးနေခြင်းမဟုတ်။ စကားပြောနေခဲ့ကြသည့် လူသားနှစ်ယောက်၏အသံတွေသာ ပဲ့တင်ထပ်နေခဲ့တာ ရုပ်ရှင်အနှေးပြကွက်တွေလို။

"မ,နိုင်ရဲ့လား"

"ရတယ်ဗျ၊ ဂျပ်ပုံးကကြီးပေမဲ့ ပေါ့ပေါ့လေးပါ"

သင်္ကြန်မောင်Where stories live. Discover now