{Unicode}
ငါနာမည်က နိုယာလို့ခေါ်တယ် ငါနဲ့ရင်း
နှီး တဲ့သူတွေကတော့ ယာယာလို့ခေါ်
ကြတယ် ငါ့မိဘတွေက
ငါအသက်၁၇နှစ်လောက်ကတည်းက
car accident မှုတစ်ခုကြောင့် လောက
ကြီးထဲမှာမရှိကြတော့ဘူး ငါ့ဘဝကိုငါတစ်ယောက်တည်းကြိုးစား
ရုန်းကန်ခဲ့ရတယ်ပတ်ဝန်းကျင်ကလူတွေက ငါ့ကို
ပြောကြတယ်"ကောင်လေးက သနားပါတယ်ငယ်
ငယ်ရွယ်ရွယ်နဲ့ မိဘတွေမရှိကြတော့
ဘူးလေ"တဲ့လောကကြီးထဲမှာ ငါ့ကိုသနားတဲ့
မျက်လုံးတွေနဲ့ ကြည့်ပြီး အားနည်းတဲ့
သူတစ်ယောက်လို ပြုမူဆက်ဆံနေတာ
တွေကို ငါလုံးဝမကြိုက်ဘူးငါ့မိဘတွေရဲ့နာရေးမှာ ငါမငိုဘူး ဘာလို့ဆို
ငါဝအောင်ငိုပြီးခဲ့ပြီမို့ car accdient ဖြစ်
သွားခဲ့တုန်းက ငါလည်းရှိနေခဲ့တယ်လေ
ငါ့အဖေနဲ့အမေကငါ့ကို အတတ်နိုင်ဆုံးအထိအခိုက်နည်းအောင် သူတို့
ခန္ဓာကိုယ်တွေကိုသုံးပြီး မလွတ်
တမ်းဖက်ထားကာ ကျရောက်လာတဲ့
နာကျင်မှုတွေကို သူတို့သာခံယူသွားပြီး
ငါ့ကိုတော့တစ်ယောက်တည်းထား
ခဲ့ကြသည်ငါသေလောက်အောင်ငိုပြီး အော်ခေါ်နေ
ပေမဲ့ မေမေနဲ့ဖေဖေကတော့ ငါ့ကိုမျက်လုံး
တောင်ဖွင့်မကြည့်ခဲကြဘူးလေ လူတစ်ချို့
ကပြောတယ် အတော်လေးအသည်းမာ
တယ်တဲ့ အဲ့ဒါတွေကိုငါဂရုမစိုက်ဘူး ဘာ
လို့ဆို ငါကပတ်ဝန်းကျင်ဂရုမစိုက်ချင်
တော့တာကြောင့် ပါငါစိတ်ရောဂါကုဆရာဝန်နဲ့ ၆လလောက်
ပြခဲ့ပြီးတော့မှ ငါ့ရဲ့အခြေအနေအတော်
လေး ကောင်းမွန်လာတယ်
လူ့အသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ရောက်
ခဲ့ပြီး တက္ကသိုလ်ကိုလည်းငါတက်ခဲ့တယ် ငွေကြေးကိစ္စအတွက်နဲ့တော့ ပူပန်စရာမ
ရှိခဲ့ဘူး ငါ့မိဘတွေက ပိုက်ဆံ
အတော်လေးရှိတာကြောင့် သူတို့ပိုင်ဆိုင်
မှုအကုန် ငါဆီရောက်လာခဲ့တယ် မိဘတွေ
သေပြီးတဲ့အချိန်ကစပြီး ငါတစ်ခါလေတောင်
မငိုခဲ့ဘူးဘာကြောင့်ဆို မျက်ရည်တွေနဲ့
ငါ့ဒဏ်ရာတွေကို ကုစားပေးနိုင်မှာမ
ဟုတ်တာကြောင့်ရယ် မျက်ရည်တွေက
ငါ့ကိုအားနည်းသူဖြစ်အောင် ပြုလုပ်
နိုင်တာကြောင့်ငါ့မိဘတွေကိုသတိရရင်
တောင်မငိုခဲ့ဘူးလေ အခုချိန်မတိုင်မှီထိပေါ့
အခုတော့ငါ့မျက်ရည်တွေကို ငါ့ကိုမချစ်
တော့ဘူး ငါ့ကိုမလိုအပ်တော့ဘူးဆိုတဲ့
လူတစ်ယောက်အတွက်နဲ့ ငါငိုနေခဲ့တယ်
လေ ငါဟာတော်တော်လေးကို အသုံးမ
ကြတဲ့သူဖြစ်သွားခဲ့တာ

YOU ARE READING
ရူးလောက်အောင်ချစ်ခဲ့မိပါသည်
Short Storyတစ်ချို့သော သူတွေကချစ်ချင်းတရားနဲ့မထိုက်တန်ကြဘူး သူ့တို့သဘောထားတွေကပြောင်းလဲသွားတတ်ကြတယ် တဈခြို့သော သူတှကေခစြျခငြျးတရားနဲ့မထိုကျတနျကွဘူး သူ့တို့သဘောထားတှကေပွောငျးလဲသှားတတျကွတယျ