part 2❤️💘

232 10 0
                                    

ငါ့အသက်၂၃နှစ်မှာကုမ္ပဏီတစ်ခုမှာ
အလုပ်ဝင်ခ့သည်အတိတ်က အကြောင်း
အရာတွေ ကိုလည်းတဖြေးဖြေးမေ့နိုင်ပြီး
သာမန်လူတွေလိုလည်းနေထိုင်လာနိုင်ခဲ့
သည်

ငါ့နဲ့ ရှင်းသန့်နဲ့က အလုပ်လုပ်တဲ့ ကုမ္ပဏီ
ချင်းမတူကြတော့ တက္ကသိုလ်တုန်းကလို
အမြဲမတွေ့နိုင်ကြတော့ဘူး ၁လမှာ၂ခေါက် ၃ခေါက်လောက်မှငါ့အိမ်လာလေ့ရှိပြီး
သူလာတိုင်းလည်း ပျော်ရွှင်စွာချက်ပြုတ်
စားသောက်လေ့ရှိကြတယ်

ငါ့အနေနဲ့ တခြားသူတွေအပေါ်စိတ်
ဝင်စားမှု အတော်လေးနည်းတယ် အလုပ်
ထဲကအမတွေ အကိုတွေကတော့ စိတ်ထားကောင်းကြပြီး ငါ့အပေါ်မှာဆိုလည်း ကောင်းကောင်းမွန်မွန် ပြောဆိုလေ့ရှိသည်

သူတို့နဲ့ ငါရဲ့ဆက်ဆံရေးက ကောင်းမွန်
တယ် အဲ့နေ့ကတုန်းက ငါ့အဝတ်တွေ
မှာကော်ဖီတွေပေကုန်ပြီး သန့်စင်
ခန်းထဲသို့ လောလောနဲ့ဝင်သွားတာကြောင့် အောက်ကြမ်းပြင်က ကြမ်းတိုက်ထားတာ
ရေတွေစိုနေပြီး ငါကအရှိန်မထိန်းနိုင်ဘဲ ကြမ်းပြင်နဲ့ခေါင်းမိတ်ဆက် လိုက်ရတော့
မည်ဟု လို့တွေးနေပေမဲ့လို့လည်း ငါ့ခန္ဓာ
ကိုယ်က ကြမ်းပြင်ပေါ်ကျရမဲ့အစား
လေထဲတွင်ရပ်နေလေသည်

တစ်စုံတစ်ဦးက ငါ့ခါးကိုဖက်ပေးထားပြီး
ခန္ဓကိုယ်တစ်လုံးကို ထိုလူ့ရင်ခွင်ထဲသို့
ဆွဲသွင်းခြင်းခံလိုက်ရပြီး ညို့ယူအား
ပြင်းလွန်းလှတဲ့ အသံလေးကငါ့နားမှ
တိုးတိုးလေးပြောလိုက်လေရဲ့

"သတိထားမှပေါ့ ကြမ်းပြင်
ကရေတွေနဲ့ ချောနေတယ်လေ "

ငါသတိလက်လွှတ်ဖြစ်သွားကာ သူ့ဆီက
ရုန်းထွက်၍ ကိုယ်ကိုလှည့်ကာမတ်တပ်ရပ်
ပြီး ကျေးဇူးတင်စကားလှည့်ပြောမလိုရှိ
ပေမဲ့လည်း ကြမ်းပြင်ကချောနေသေးတာ
ကြောင့် သူ့ရင်ခွင်ထဲသို့သာ တည့်တည့်
ရောက်သွားတော့သည်

မင်းသုတ မှာတော့နှစ်ယောက်လုံး
ချောမလဲအောင် ဟန်ချက်ညီအောင်
ထိန်းလိုက်ရတော့သည် ရင်ခွင်ထဲမှသူက
မိမိကို မျက်လုံးအဝိုင်းသားလေးဖြင့်
ကြည့်နေပြီး ဖြူဖွေးကာ ပါးလေးတွေက
အနီရောင်သန်းပြီးအနည်းငယ်ရှက်ရွံ့
နေသော အမူအရာလေးဖြင့်တောင်း
ပန်နေလေသည်

ရူးလောက်အောင်ချစ်ခဲ့မိပါသည်Where stories live. Discover now