ငါသူ့ကိုတွေ့ချင်တဲ့ ဆန္ဒတွေက အမှန်
တကယ်ဖြစ်လာခဲ့သည် နောက်နေ့
ကုမ္ပဏီကိုရောက်တော့ ဓာတ်လှေကား
ထဲမှာသူနဲ့ငါနှစ်ယောက်တည်း ဘဲငါနှူတ်ဆက်စကားတောင် မပြောရဲခဲ့ဘူး
သူ့ကိုတွေ့တာနဲ့ ရင်ခုန်သံတွေက
ပရမ်းပတာကိုဖြစ်နေတော့တာ အကယ်၍
များငါက စကားသွားပြောလိုက်ရင်လည်း
သူကငမမှတ်မိမှာလည်း စိုးတာကြောင့်
အတွေးတွေနဲ့ အတော်ကိုဗျာများနေခဲ့သည်ဘုရားကများ ငါ့အတွေးတွေကိုသိသွားလို့
ကူညီပေးလိုက်တာများလားလို့တောင်
ထင်မိခဲ့တယ် သူ့ဘက်မှငါ့ကို အရင်စကား
ပြောလာခဲ့တယ်လေ" ကိုယ့်ကိုနှုတ်တောင်မဆက်ဘူး
ပေါ့လေ ဒါမဟုတ်ကိုယ့်ရင်ခွင်ထဲကို
ပြုတ်ကျသွားတာကိုဘဲ မမှတ်မိတော့
တာလား"သူပြောလိုက်တဲ့စကားကြောင့် ရှော့ရသွား
ပြီး စကားတွေတောင်ထစ်ကုန်တော့သည်
သာမန်အားဖြင့် ငါကစကားပြောရင်
အရမ်းတည်တည်ငြိမ်ငြိမ်နဲ့ ပြောနိုင်ခဲ့
ပေမဲ့ သူ့နဲ့ဆိုရင်တော့် ငါ့ရဲ့သတ်မှတ်ချက်
တွေနဲ့အမူအကျင့်တွေကိုခဏခဏ ချိုး
ဖောက်နေတော့၏ငါသူ့ကို ဘာအကြောင်းအရင်းမှမရှိဘဲ တောင်းပန်လိုက်တော့သည်
"တောင်းပန်ပါတယ် ကျွန်တော်
မမေ့ပါဘူး အဲ့တုန်းကအတွက်လည်း ကျေးဇူးတင်ပါတယ် "ငါတောင်းပန်ခဲ့တာကိုကြည့်ပြီး သူက
ပြုံးနေလေရဲ့ သူ့ရဲ့ အပြုံးတွေကဘဲ
ငါ့ကို အကြိမ်ကြိမ်သူ့ဆီ မှာကြရှုံး
အောင်လုပ်နေသလို အခုန်မြန်လွန်းနေတဲ့
ရင်ခုန်သံတွေကတော့ မရပ်မနားပါဘဲ"ကျေးဇူးတင်တယ်ဆိုရင်လည်း
ပြန်ဆပ်မှပေါ့ အရမ်းအများကြီး
တော့လည်း မဟုတ်ပါဘူး ထမင်းလေး
တစ်နပ်ကျွေးရုံပါဘဲ"သူဘာတွေ ပြောနေလည်းဆိုတာ ငါ
လိုက်မမှီနိုင်တော့ဘူး အဲ့စကားဒါတွေ
ကိုငါကပြောချင်ခဲ့တာ သူ့ဘက်က
အရင်ကမ်းလှမ်းတာကြောင့် မငြင်းနိုင်
ဘူးလေ သူကယောကျာ်းတွေကို
ကြိုက်မကြိုက်မသိဘူး ဒါပေမဲ့သူနဲ့ရင်း
နှီးအောင်တော့ ငါလုပ်ချင်တယ်
သူကပြန်မကြိုက်လည်း ပိုင်ရှင်မရှိခင်
အချိန်ထိတော့ တွယ်ကပ်ချင်သေးတယ်

YOU ARE READING
ရူးလောက်အောင်ချစ်ခဲ့မိပါသည်
Short Storyတစ်ချို့သော သူတွေကချစ်ချင်းတရားနဲ့မထိုက်တန်ကြဘူး သူ့တို့သဘောထားတွေကပြောင်းလဲသွားတတ်ကြတယ် တဈခြို့သော သူတှကေခစြျခငြျးတရားနဲ့မထိုကျတနျကွဘူး သူ့တို့သဘောထားတှကေပွောငျးလဲသှားတတျကွတယျ