စနေနေ့မှာတော့ ငါတို့ ထမင်းစားဖို့အတူ
သွားခဲ့ကြသည် အဲ့မတိုင်ခင်နေ့တွေတုန်း
ကလည်း သူငါ့ကိုဖုန်းတွေဆက်ခဲ့၏
သူ့ဖုန်းနံပါတ်ကို ငါသိပေမဲ့ဖုန်းဆက်ဖို့
လောက်ထိတော့ သတ္တိမရှိခဲ့ဘူး သူ့ဘက်
ကအရင်ဆက်သွယ်လာခဲ့တာသူ့ဖုန်းနံပါတ်လေး ကိုဆက်မလို့ လက်က
ရွယ်လိုက်တိုင်း အမြဲတမ်းလက်လျော့ခဲ့
သည် ဘာလို့ဆို သူ့ကိုဘာပြောရမယ်
ဆိုတာကိုငါမသိဘူး ပြီးတော့သူ့ဘက်က
ငါ့ကိုသံသယဝင်သွားပြီး မုန်းသွားမှာကို
လည်း ကြောက်ခဲ့တာ ငါ့တော့သူ့ဆီမှာတဖြည်းဖြည်းနစ်မြုတ်နေပြီ။ထမင်းစားတဲ့ အချိန်တွေမှာလည်း
ငါကသူ့ကို ဝယ်ကျွေးတယ်ဆိုပေမဲ့
လည်း သူ့ကငါ့အကြိုက်တွေကိုဘဲ
မေးကာမှာနေတော့သည်ငါ့အနေနဲ့ အစားစာတွေကို
မက်မက်မောမောကြိုက်တာမရှိခဲ့ဘူး အစားအသောက်နဲ့ ပတ်သတ်ရင်တော့
ငါကအတော်လေး ဂျီးထူတာ သူ့ကိုအရမ်း
အားနာမိခဲ့သည် သူ့အနေနဲ့ ငါအကြိုက်တွေ
ချည်းဘာလို့ လိုက်လုပ်လည်းဆိုတာကို
ငါမတွေးတတ်ခဲ့ဘူးအဲ့ထမင်းစားပွဲလေးက ငါ့အနေနဲ့တော့
ပထမဦးဆုံးdate ဘဲပေါ့ ငါ့သူနဲ့တွေ့ရင် အကောင်းမွန်ဆုံးဖြစအောင် ပြင်ဆင်ဖို့
ငါ့သူငယ်ချင်းဆီကတောင်အကူအညီ
တောင်းခဲ့ ရသေးသည် ငါ့သူငယ်ချင်းက
ငါ့ကိုပြောတယ်" မင်းသူ့ကို အဲ့လောက်တောင်
သဘောကျတာဘဲလား "တဲ့ ငါက အင်းလို့ပြန်ပြောတော့သူက ငါ့ကို
ဘာမှမပြောတော့ဘဲနဲ့ ဘာကိုဝတ်သွားရင်
ကြည့်ကောင်းမယ်လို့ဘဲ ပြောကာ
ဖုန်းချသွားခဲ့တယ်လေ သူ့အသံက
အနည်းငယ် ဝမ်းနည်းနေပုံပေါ်တယ်
အဲ့တာကလည်း တကယ်ခဏတာလေး
ဘဲ ငါဘဲ အထင်မှားခဲ့တာလား အလုပ်
ပင်ပန်းလို့ သူ့အသံက နွမ်းနေတာလား
တော့ငါမသိခဲ့ဘူးပိုက်ဆံရှင်း တုန်းကလည်း ငါမရှင်းလိုက်
ရဘဲ သူ့ကတ်နဲ့ဘဲ အရင်ရှင်းခဲ့ပြန်သည်
ငါဝယ်ကျွေးရမှာ လို့ပြောတော့ သူက
နောက်တစ်ခါမင်းအလှည့်တဲ့ ငါအနေနဲ့
ကတော့ သူနဲ့နီးစပ်နိုင်မဲ့ နောက်ထပ် အ
ခွင့်အရေးတစ်ကြိမ် ထပ်ရသွား၏ ထမင်း
ကနေ့လည်ပိုင်းစားတာကြောင့် ငါတို့နေရာတော်တော်များများကိုလျှောက်လည်ခဲ့
ကြသည်

YOU ARE READING
ရူးလောက်အောင်ချစ်ခဲ့မိပါသည်
Short Storyတစ်ချို့သော သူတွေကချစ်ချင်းတရားနဲ့မထိုက်တန်ကြဘူး သူ့တို့သဘောထားတွေကပြောင်းလဲသွားတတ်ကြတယ် တဈခြို့သော သူတှကေခစြျခငြျးတရားနဲ့မထိုကျတနျကွဘူး သူ့တို့သဘောထားတှကေပွောငျးလဲသှားတတျကွတယျ