(Unicode)
မင်းသုတမကြာခင်ပြန်လာ မယ်ဟု
ပြောပေမဲ့ ပြောထားတဲ့ရက်ထက်
ပိုစောပြီးပြန်လာခဲ့သည် ငါပျော်ခဲ့တာ
သူ့ကိုမတွေ့ရတာ ကြာခဲ့ပြီလို့တောင်
ထင်မိတဲ့အထိ ဒီလူ့ဆီမှာငါဟာအလုံး
စုံပျော်ဝင်နေပြီ လက်မလွှတ်ချင်တော့ဘူးတစ်ယောက်တည်းနေသား ကျအောင်
ကြိုးစားခဲ့ပေမဲ့လည်း အချစ်နဲ့တွေ့ကျရင်
လူတွေက ရှောင်လွှဲမရနိုင်ဘူးဆိုတာ
တကယ်မှန်၏ငါ့ရဲ့ဆန္ဒတွေတကယ်ဖြစ်လာခဲ့တယ်
အဲ့နေ့ကသူပြန်လာပြီလို့ ငါ့ကိုပြောပြီး စားသောက်ဆိုင်တစ်ခုကိုလာရန်
လိပ်စာပေးခဲ့လေသည်ငါသွားတဲ့အခါမှာတော့ စားသောက်
ဆိုင်ထဲမှာလည်းလူတွေက တစ်
ယောက်နှစ်ယောက်လောက်ဘဲ
ရှိနေတယ် ဆိုင်လေးရဲ့အပြင်အဆင်က
အတော်လေးလှပပြီး romantic ဆန်လှ
သည် ငါသူ့ကိုလိုက်ရှာခဲ့ပေမဲ့ မတွေ့တာ
ကြောင့် ဖုန်းဆက်ဖို့လုပ်နေတုန်း
မှာဘဲ ဆိုင်ထဲမှ waiter လေးက ငါ့ကို အပေါ်ထပ်ကို ခေါ်သွားပေးတယ်ငါ့ရင်ခုန်သံတွေက ထိန်းလို့မရအောင် အပြင်းအထန်ခုန်နေခဲ့တာ သူ့ကို တွေ့ချင်
လွန်းတာကြောင့်လားတော့မပြောတတ်ခဲ့ဘူး
ငါအပေါ်ကိုရောက်သွားချိန်မှာတော့ အလွန်သတိရနေခဲ့တဲ့ မျက်နှာချောချော
နဲ့လူကိုတွေ့ရတော့သည် ယော်ကျာ်း
ဆန်တဲ့ အငွေ့အသက်တွေဖုံးလွှမ်းနေပြီး
သူ့ကိုယ်တိုင်းနဲ့ချုပ်ထားတဲ့ suitကတော့ အတော်လေးကိုလိုက်ဖက်ညီနေ
တော့သည်ငါ့ကိုပြုံးပြနေတဲ့ သူ့အပြုံးတွေက
ထူးထူးခြားခြားပိုပြီးတောင်တောက်ပ
နေသေးတယ်
ဒီလူကို သတိရနေခဲ့တာ လွမ်းနေခဲ့တာ
ရူးလောက်အောင်ကို ငါချစ်မိနေပြီ
ငါ့မှာသူ့ဆီကနေလွတ်မြောက်ဖို့ မဖြစ်နိုင်
တော့ဘူး ဖွင့်ပြောချင်တယ်
ငါ့ပါးစပ်ကနေ သူ့ကိုငါသေလောက်
အောင်ချစ်မိတာကို ငါပြောဖို့အတွက်
လည်းသတ္တိမရှိခဲ့ဘူး အကယ်၍
များ ငါဖွင့်ပြောလိုက်ရင် သူငါ့ကိုရွံသွား
မှာ မုန်းသွားမှာကိုကြောက်မိတယ်ငါ့အတွေးတွေထဲ နစ်မြုပ်နေတာကြောင့်
သူကငါ့ကိုယ်ကိုလှုတ်ခေါ်တော့မှ ငါ
သတိဝင်မိတော့တယ်

YOU ARE READING
ရူးလောက်အောင်ချစ်ခဲ့မိပါသည်
Short Storyတစ်ချို့သော သူတွေကချစ်ချင်းတရားနဲ့မထိုက်တန်ကြဘူး သူ့တို့သဘောထားတွေကပြောင်းလဲသွားတတ်ကြတယ် တဈခြို့သော သူတှကေခစြျခငြျးတရားနဲ့မထိုကျတနျကွဘူး သူ့တို့သဘောထားတှကေပွောငျးလဲသှားတတျကွတယျ