part10❤️💔(Complete)

317 14 1
                                    

(Unicode)

မျက်ရည်တွေက လူတွေကို အားနည်း
စေနိုင်တယ်မှန်လွန်းတယ် ငါမငိုတော့
ဘူးလို့ဆုံးဖြတ်ထားပေမဲ့လည်း
အလိုက်ကန်းဆိုး မသိတဲ့ ငါ့မျက်ရည်တွေ
က ပါးပြင်ထက်စီးဆင်းနေတော့သည်

အရင်ကသူ့အပြောတွေမှာ လိမ်ညာမှု
တွေပါနေရင်တောင် ငါမသိချင်ယောင်
ဆောင်နေခဲ့တယ် အရင်၂ရက်လောက်
တုန်းက ငါ့ခြံရှေ့မှာ စက္ကူဘူးတစ်
ဘူးက ငါ့နာမည်နဲ့ပို့ထားတာကြောင့် 
ယူကြည့်မိလိုက်တော့ Albums တစ်
အုပ်ဖြစ်နေခဲ့သည်

အထဲက ပုံတွေကိုကြည့်လိုက်မိတဲ့
အချိန်မှာတော့ လုံးဝသွေးပျက်စရာပုံ
တွေဖြစ်နေတာဘဲ ကိုသုတနဲ့ ကောင်လေး
တစ်ယောက်ရဲ့ ကာမဆက်ဆံနေတဲ့ပုံတွေ
ဖြစ်နေခဲ့သည်  ငါ့ရင်တစ်ခုလုံးစုတ်
ပြတ်သတ်သွားတာ ဦးနှောက်ထဲမှာလည်း ဟင်းလင်း ပြင်ကြီးဘဲရှိနေ တော့သည်

ပုံတွေရဲ့ထိပ်ပိုင်းတွေမှာ ရက်စွဲတွေတပ်
ထားတာကြောင့် အခုတစ်လောကမှ သူဖောက်ပြန်ခဲ့တာမဟုတ်ဘူး တစ်နှစ်ကျော်
ခဲ့ပြီ ငါနဲ့အဆင်ပြေနေတုန်းအချိနိတွေက ဘယ်လိုများသူငါ့အပေါ်လုပ်ရပ် နိုင်တာ
လည်းငါ့ကိုယ်ငါတောင် ရွံမိတယ်
ငါနဲ့မတွေ့ခင်က ပုံတွေမဟုတ်ခဲ့ဘူး
ဓာတ်ပုံထဲက အဝတ်အစား တွေက
ငါကိုယ်တိုင်ဝယ်ပေးထားတာတွေ
အကုန်လုံးငါနဲ့ သွားဝယ်ထားတဲ့
အဝတ်အစားတွေချည်းဘဲ

ရှင်းသန့်ရဲ့ အတွေးတွေက အမြဲမှန်နေခဲ့
တယ် ငါ့ဆီကထွက်သွားချင်ရင်လည်း
ကိုယ်တိုင်ပြောရင်လည်း လွှတ်ပေးလိုက်
မှာပါ ကိုယ်ဆီမှာမပျော်တော့တဲ့သူကို
ကို့ရဲ့အတ္တကြောင့် ဖမ်းဆွဲမထားနိုင်ပါ
ဘူး သူပျော်ရာကိုသာ သွားခိုင်းမှာပါ
မဆွဲထားပါဘူး

ဘာလို့ငါ့အပေါ်မှာ အရမ်းရက်စက်ရ
တာလည်း စက္ကဘူးထဲမှာ ပုံတွေတင်မ
ကဘဲ  အသံဖိုင်တစ်ခုနဲ့ စာ
တစ်စောင်ပါပါသေးတယ်   စာထဲမှာ
ရေးထားတာကမင်းမယုံရင် တော့ 
××××နေ့ကျရင်သူပြန်လာမှာလားလို့
မေးလိုက် ပြန်မလာခဲ့ရင်တော့ လက်
ဆောင်ထပ်ပို့လိုက်ပါ့မယ်

ငါအလုပ်လည်း မသွားဖြစ်တာကြာခဲ့ပြီ
အရင်ရက်တွေကတည်းက နေမကောင်း
နေတာကြောင့် နားခဲ့သည်  ငါ့စိတ်တွေကို
စုစည်းပြီး အတတ်နိုင်ဆုံး သူသတိမထား
မိအောင် ဖုန်းခေါ်ပြီးမေးလိုက်သည်

ရူးလောက်အောင်ချစ်ခဲ့မိပါသည်Where stories live. Discover now