part 8❤️💜

120 6 0
                                    

(Unicode)

သူနောက် ထပ်ပြောနေတဲ့စကားတွေ
ကိုတော့ကြားတစ်ချက်မကြားတစ်ချက်
ဖြစ်နေတော့သည် သူထပ်ပြောတဲ့စကား
ကတော့ ငါ့ဘဝမှာအပျော်ဆုံး ဖြစ်ခဲ့၏

"ယာယာ ကိုယ်မင်းကိုချစ်တယ်
ဒီစကားဟာကိုယ်အခုမှ ထပြောတာ
မဟုတ်ခဲ့ဘူး မင်းကိုစတွေ့ကတည်းက
ကိုယ့်အပိုင်လို့သတ်မှတ်ထား
ပြီးသား တစ်ဘဝလုံးစာလက်တွဲ
ဖော် အဖြစ်ပေါ့"

သူပြောတဲ့စကားတွေကြောင့် ငါ့
အသက်ရှုနှုန်းတွေက မူမှန်မနေတော့ဘူး
ငါ့ကိုယ်ငါ အသက်ရှုဖို့တောင်မေ့နေခဲ့တာ
ငါတစ်ကိုယ်လုံးကလည်း မီးဟပ်ထားသလို
ဖြစ်နေပြီး အိမ်မက်လား တစ်ကယ်
လားတောင်မခွဲခြားနိုင်တော့ဘူး
ငါသေချာအောင်ပြန်မေးကြည့်ရမယ်

" ကိုသုတ အဲ့စကားကို ထပ်ပြောပြပါ
ကျွန်တော်နားလည်အောင် "

"မင်းသုတဆိုတဲ့ ကိုယ်က နိုယာဆိုတဲ့
မင်းကို ကိုယ့်ဘဝရဲ့ လက်တွဲဖော်ဖြစ်
စေချင်တယ် မဟုတ်ဘူး မင်းကသေ
ချာပေါက် ကိုယ့်ရဲ့အပိုင်ဘဲ"

မယုံကြည်နိုင်ခဲ့ဘူး ဒါတာအိပ်မက်ဆိုရင် ဘယ်တော့မှ မနိုးထနိုင်ဖို့ ငါဆုတောင်း
မိတယ် ငါ့ရဲ့တိတ်ဆိတတ်နေမှုကြောင့်
သူဘက်မှအရင် စကားစပြော
တော့သည်

" မင်းလက်မခံနိုင်ဘူး ဆိုလည်းကိုယ်
အချိန်ပေးပါတယ် ဒါပေမဲ့မင်းကိုယ့်ကို
တော့မုန်းခွင့်မပြုနိုင်ဘူး
ယာယာ "

မင်းသုတစကားမဆုံးခင်မှာဘဲ ငါသူ့ဆီ
ကိုလှမ်းလိုက်ပြီး နမ်းခမ်းတွေကို
ပိတ်ဆို့လိုက်တော့သည်

အနမ်းတွေကတော့ အတုယောင်မဖြစ်
နိုင်ဘူးမလားဒီနွေးထွေးတဲ့ နှုတ်ခမ်းတွေ
က ငါ့နှုတ်ခမ်းတွေကို
ပြန်လည်နမ်းရှိုက်လာပြီး ပထမတော့နူး
ညံ့နေပြီးကြာလာတာနဲ့အမျှ ကြမ်းရှပြီး
မိန်းမောဖို့ကောင်းလွန်းတယ် မင်းသုတရဲ့
အနမ်းတွေကကျွမ်းကျင်ပြီးသွက်လျက်
လှတယ် သူ့ရဲ့နူးညံ့တဲ့လျှာက ငါ့ခံတွင်း
ထဲဝင်ရောက်လားပြီး သွားကြားတွေထိအ
လွတ်မပေးဘဲ စားသုံးနေတော့သည်
ဒီအနမ်းကို ငါကအရင်စတင်ခဲ့ပေမဲ့
သူကတော့ဦးဆောင်နေလေတော့သည်

ရူးလောက်အောင်ချစ်ခဲ့မိပါသည်Where stories live. Discover now