(Unicode)
ငါနဲ့သူရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်
သထက် ကောင်းလာခဲ့သည် သူအလုပ်
ခဏအားတဲ့ အချိန်တွေဆို ငါ့ဆီလာပြီး
စကားတွေပြောကာ မုန့်တွေကိုလည်း
ဌာနလူတွေကို မျှဝေကျွေးလေ့ရှိသည်
သူ့လုပ်ရပ်တွေကြောင့် ကုမ္ပဏီကလူတွေ
တောင်ငါ့ကိုစနေကြပြီ" ယာယာကတော့ ကံကောင်းလိုက်တာ
အထက်လူကြီးနဲ့တောင်ရင်းနှီးတယ်
လေ "" သူကချစ်ဖို့ကောင်းပြီး စိတ်
ထားလည်းကောင်းတာကိုအေ"" ငါတော့မထင်ဘူး အဲ့မင်းသုတဆို တဲ့
လူက ယာယာဘအပေါ်မရိုးသားဘူး
သူ့မျက်လုံးတွေကို ကြည့်ကြည့် ငါတို့နဲ့စကားပြောရင်တောင် ယာယာကို
ဘဲကြည့်ပြီးတယုတယပုံစံမျိုးနဲ့
ထူးဆန်းတယ် "သူတို့ဝေဖန်ချင်လည်း ဝေဖန်စရာဖြစ်
နေတာကို ငါတောင်တစ်ခါတစ်လေသူ့
အပြုအမူတွေက ကိုယ်ချစ်တဲ့လူကိုတ
ယုတယဆက်ဆံနေသလိုမျိုး ပုံစံမျိုး
ကြောင့် ကြာရင်ငါသူ့ကို လက်မလွှတ်ချင်
တဲ့အထိဖြစ်မိတော့မှာတောင်စိုးရိမ်နေမိတယ်ဒီတစ်ခါမှာတော့ ငါတစ်ကိုယ်ကောင်း
ဆန်ချင်တယ်သူ့ဆီကို ပူလောင်ရမယ်
မှန်းသိပေမဲ့ မီးတောထဲကို ပိုးဖလံတွေက
မကြောက်မရွံတိုးဝင်နေသလိုမျိုး ငါလည်း တဖြည်းဖြည်းသူ့ဆီကို တိုးဝင်နေမိတယ်
နောင်ကိစ္စတွေကို နောင်အခါမှရှင်းပြီး
အခုတော့ သူ့ဆီမှာ ငါနှလုံးသားကို
ပုံအပ်ပြီး နေခဲ့တယ်လေ အဲ့ဒါက
အမှားတစ်ခုဖြစ်လာခဲ့တယ် ဆိုတာကို
တော့ငါမသိခဲ့ဘူးသူနဲ့ ဆက်ဆံရေးဟာ သမီးရည်းစား
တွေနဲ့တောင်တူလာပြီး အလုပ်နားရက်
တွေဆို ငါ့ဆီမှာလာနေပြီး ညစာ အတူ
စားတာတို့ ရုပ်ရှင်ကြည့် ဂိမ်းဆော့တာ
တို့လုပ်လေ့ရှိတယ် ငါကတစ်ယောက်
ထဲနေလာရတဲ့အတွက်ကြောင့်
ထမင်းဟင်းအိမ်သန့်ရှင်းရေးက
အစလူမဌားဘဲ တစ်ယောက်ထဲ
လုပ်လာရတာကြောင့် အိမ်မှုကစ္စမှာတော့
ငါမလုပ်တတ်တာမရှိဘူးသူငါ့ဆီလာတိုင်းလည်း အိမ်မှုကစ္စတွေ
ကို ကူလုပ်ပေးလေ့ရှိတယ် ငါ့အထင်
မှာတော့ ဒါတွေကို သူမလုပ်တတ်ဘူး
ထင်နေခဲ့တာ သူကလည်းအချက်အ
ပြုတ်မှာတော့ အတော်လေးကျွမ်းကျင်ပြီး
သူ့အဝတ်စားစားတွေကလည်း တဖြည်း
ဖြည်း ငါ့အိမ်မှာများလာနေပြီ

YOU ARE READING
ရူးလောက်အောင်ချစ်ခဲ့မိပါသည်
Short Storyတစ်ချို့သော သူတွေကချစ်ချင်းတရားနဲ့မထိုက်တန်ကြဘူး သူ့တို့သဘောထားတွေကပြောင်းလဲသွားတတ်ကြတယ် တဈခြို့သော သူတှကေခစြျခငြျးတရားနဲ့မထိုကျတနျကွဘူး သူ့တို့သဘောထားတှကေပွောငျးလဲသှားတတျကွတယျ