UNICODE
အပိုင်း (၂.၃)
ဆိုးစုခဲက ဆိုဖာထက်မှ နောက်တစ်ကြိမ်ထပြီး မီးဖိုချောင်သို့ဝင်ကာ ဖန်ပုလင်းကိုင်ကာ ပြန်လာခဲ့၏။
ဆိုးစုခဲက ဆာတိုးရီအား မေးလိုက်သည်။
"နည်းနည်းသောက်ကြည့်မလား?"
(အာ.. ခုနလေးတင် နေမကောင်းဖြစ်ထားတဲ့ဟာ။ အရက်မတိုက်သင့်သေးပါဘူးလေ။)
ဆိုးစုခဲက ရုတ်တရက် စိတ်ပြောင်းသွား၏။ ဖန်ပုလင်းအဖုံးကိုဖွင့်ကာ ကျေနပ်အားရနေသည့်ပုံစံမျိုးဖြင့် တစ်ငုံချင်းစီ သောက်သုံးတော့သည်။
(အလုပ်ပြီးတဲ့အချိန် ဘီယာသောက်ရတဲ့ခံစားမှုလေးက အကောင်းဆုံးပဲကွ။)
ဆာတိုးရီက ဆိုးစုခဲအား စိတ်လှုပ်တရှားကြည့်နေမိ၏။
__သူသောက်နေတဲ့ဟာက အဲ့လောက်တောင်အရသာရှိတာလား?
ဆိုးစုခဲမှာလည်း ဆာတိုးရီငေးကြည့်နေသည်ကို သတိထားမိသွား၍လားမသိ။ ဆာတိုးရီဆီ ဖန်ပုလင်းကို မြှောက်ပြလိုက်၏။
"နည်းနည်းသောက်ကြည့်ချင်လား?"
ဆာတိုးရီမှာ ချက်ချင်း ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။
ဆိုးစုခဲက ဖုန်ပုလင်းထဲရှိသမျှ အရည်အကုန်အစင်ကို သောက်၍ စားပွဲအစွန်းနား၌ ချထားလိုက်၏။ ထို့နောက် မီးဖိုချောင်ထဲမှ ဖန်ပုလင်းအသစ်တစ်ဘူးကို ယူလာကာ အဖုံးပွင့်ပေးပြီး ဆာတိုးရီထံ ကမ်းပေးလိုက်သည်။
ဆာတိုးရီသည်လည်း ဖန်ပုလင်းထဲ နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံကြည့်၏။ ထို့နောက် တိုးတိတ်စွာ တစ်ငုံသောက်လိုက်သည်။ ချိုမြနေမည့်အရသာကို မျှော်လင့်ထားသော်ငြား လျှာဖျား၌ ခံစားလိုက်ရသည့် ခါးသက်သက်အရသာကြီးကြောင့် လန့်ဖျပ်သွားရ၏။
"...!!!"
မျက်ရည်ဝဲကာ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ဆိုးစုခဲအား ကြည့်လိုက်ရာ ဆိုးစုခဲက ရယ်ချင်စိတ်ကို မနည်းထိန်းရင်း သူ့ပါးစပ်သူ ပြန်အုပ်နေသည်။
(ကာတွန်းထဲကများ ခုန်ထွက်လာတာလား? အဲ့ထဲက ဇာတ်ကောင်အတိုင်းပဲ။)
YOU ARE READING
မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたい
Short StoryTITLE : その声が聞きたい | I Want to Hear Your Voice AUTHOR : 午後野つばな | Gogono Tsubana CHAPTERS : 20 Chapters + 9 Extras 'ဆာတိုးရီ'ဟု အမည်တွင်သည့် အတွေးဖတ်နိုင်သော တစ္ဆေမုန်းများသည့် တစ္ဆေလေး X သတ္တိရှိကာ ကြင်နာတတ်သော အစီအစဥ်တင်ဆက်သူ 'ဆိုးစုခဲ' 'ဆာတိုးရီ'ဟု...