Chp - 5.1

712 166 2
                                    

UNICODE

အပိုင်း (.)

ဆိုးစုခဲ အလုပ်သွားသည်နှင့် အိမ်၌ တစ်ယောက်တည်းကျန်ရစ်သည့် ဆာတိုးရီမှာ အကူအညီပြုပေးနိုင်မည့်တစ်စုံတစ်ရာကို တွေးတောနေမိသည်။ ရုတ်တရက် စဥ်းစားလိုက်မိသည်က လွန်ခဲ့သည့်ရက်များမှစ၍ အလုပ်များလွန်းသဖြင့် အိမ်သန့်ရှင်းဖို့ရာ ဒုက္ခများနေရသည့် ဆိုးခုစဲ​၏အလုပ်အား ကူညီပေးရန်ဖြစ်၏။

ဦးစွာပထမ၌ တောင်လိုယာလိုပုံနေသည့် မလျှော်ဖွတ်ရသေးသော အဝတ်အစားများကို သန့်ရှင်းပေးရန် ကြိုးပမ်းသည်။ လူသားများက 'အဝတ်လျှော်စက်'ဟုခေါ်သည့်အရာကို သုံး၍ အဝတ်များကို သန့်စင်ကြကြောင်း အကြမ်းဖျင်းကြားဖူး၏။ ညစ်ပတ်နေသည့်အဝတ်အစားများကို ထိုစက်ထဲ ထည့်လိုက်သည်နှင့် 'အဝတ်လျှော်စက်'က ကျန်သည့်လုပ်ငန်းစဥ်အားလုံးကို အစအဆုံး ကူညီဆောင်ရွက်ပေးလိမ့်မည်။

ဆာတိုးရီသည့် ယမန်နေ့ညက ဆိုးစုခဲ ခေါင်းလျှော်ပေးရာ၌ အသုံးပြုခဲ့သော အရည်က ရနံ့မွှေးလွန်း၍ ဆာတိုးရီလည်း ထိုအရည်ကိုပါ အဝတ်များနှင့်တကွ အဝတ်လျှော်စက်ထဲ လောင်းထည့်လိုက်သည်။ ထို့နောက် ခလုတ်နှိပ်လိုက်၏။ ဆာတိုးရီက 'အဝတ်လျှော်စက်' ကောင်းမွန်စွာအလုပ်လုပ်နေသည်ကို မြင်ပြီး စိတ်သက်သာရာရသွားမိသည်။ ထို့နောက် ဧည့်ခန်းဆီ ဦးတည်လျှောက်သွား၏။

ပြီးလျှင် မီးဖိုချောင်ဘေစင်၌ အထပ်လိုက်အပုံလိုက်ဖြစ်နေသော အိုးခွက်ပန်းကန်များကို ဆေးကြောရန် ကြိုးပမ်းတော့သည်။ ဖော့တုံးကို ဆွဲယူကာ အနီးအနားရှိ ကြေးချွတ်ဆေးနှင့်တူလှသည့်ဘူးတစ်ဘူးကို ညှစ်လိုက်၏။

__တစ်အိမ်လုံး ဘလင်းဘလင်းဖြစ်နေတာကို မြင်ရင် ဆိုးစုခဲ ဝမ်းသာသွားမှာပဲနော်။

ဆာတိုးရီမှာ ကိုယ်ပိုင်စိတ်ကူးဖြင့် ကြည်နူးနေတော့သည်။

ထိုအခိုက်အတန့်ဝယ် ရေချိုးခန်းထဲမှ ရေဒလဟောစီးကျနေသံကို ကြားလိုက်ရ၏။ ဆာတိုးရီလည်း လန့်ဖျပ်သွားပြီး အခြေအနေကို သွားကြည့်မည်အလုပ် လက်ထဲရှိ ဖန်ခွက်ကို မတော်တဆလွှတ်ချမိသွားသည်။ ဖန်ကွဲစများ ခလွမ်းခနဲ လွင့်စင်သွားသံကို အတိုင်းသားကြားနိုင်၏။ သို့သော် ဆာတိုးရီက ဖန်ခွက်ကို ဖမ်းမိရန် ဆတ်ခနဲ လှုပ်ရှားလိုက်ချိန်ဝယ် အခြားပန်းကန်တစ်ချပ်က ကျကွဲသွားရပြန်သည်။ ရေလျှံကျသံက အဆက်မပြတ် ထွက်ပေါ်နေသေး၏။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now