Chp - 8

639 146 0
                                    

UNICODE

အပိုင်း ()

ဆိုးစုခဲက ဆာတိုးရီအား မြို့ထဲရှိ ဖက်ရှင်စူပါစတိုးဟု ခေါ်၍ရနိုင်မည့် နေရာသို့ ခေါ်ဆောင်သွား၏။ ယခုစတိုးမှာ ဘူတာရုံအရှေ့ရှိ ဈေးဝယ်စင်တာကြီးနှင့် အတော်ခြားနားလေသည်။ မိသားစုများ၊ အသက်ကြီးသည့် ဈေးဝယ်သူများကို အဓိကရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်၏။ ဆာတိုးရီသည်လည်း ထိုအဆောက်အအုံတစ်ခုတည်း၌ ပစ္စည်းအမျိုးအစားအစုံအလင်ကို ရနိုင်ကြောင်း သိရသော် တအံ့အဩဖြစ်နေတော့သည်။ ပထမအထပ်၌ လတ်လတ်ဆတ်ဆတ်စားစရာများကိုလည်းကောင်း၊ အထပ်အလိုက် အဝတ်အစားများ၊ ဆေးဝါးများနှင့် စာအုပ်များကိုလည်းကောင်း အသီးသီးရောင်းချပေး၏။ ပိတ်ရက်ဖြစ်နေ၍ လူတိုးသည်ဟု ဆိုသာသော်လည်း ဘူတာရုံအရှေ့ရှိ ဈေးဝယ်စင်တာကြီးနှင့် နှိုင်းယှဥ်ပါက ဤနေရာရှိ လေထုက အတော်တည်ငြိမ်လေသည်။ မျက်နှာကျက်ကို လိပ်ခုံးပုံစံဆောက်လုပ်ထားရာ နက္ခတ်တာရာပြခန်းနှင့်ပင် တူနေ၏။

ဆာတိုးရီက ဆိုးစုခဲအား မည်သည့်နက္ခတ်တာရာပြခန်းဖြစ်ကြောင်းမေးရာ ဆိုးစုခဲက ရယ်သာရယ်နေတော့သည်။ ဆာတိုးရီလည်း တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြ၏။

"အရင်ဆုံး မင်းအတွက် အဝတ်တွေ ရှာကြစို့"

'ဓာတ်လှေကား'ဟုခေါ်သည့်အရာအား စီးရင်း အပေါ်ထပ်သို့ တက်သွားကြသည်။

အမှန်တွင် ဆာတိုးရီသည် ဓာတ်လှေကားစီးခြင်းကို ကျင့်သားမရသေး။ ထို့ကြောင့် အနည်းငယ်ထိတ်လန့်နေမိ၏။ အောက်သို့ပြန်ပြုတ်ကျတော့မည်လားဟုပင် တွေးရင်း ရင်တလှပ်လှပ်ခါနေသည်။ သို့သော် အထက်သို့ မြင့်တက်သွားကြောင်း ခံစားမိသော် နံဘေးရှိ ဆိုးစုခဲအား ချက်ချင်းသွားဖက်လိုက်၏။ ကြောက်လန့်တကြားအော်ဟစ်ပစ်ချင်စိတ်ကို ထိန်းထားရန် ပါးစပ်ကို လက်ဖြင့် အုပ်ထားရသေးသည်။

"ဆာတိုး"

ထိုအချိန်၌ ဆိုးစုခဲက ဆာတိုးရီ၏ခံစားချက်များအား ထိုးဖောက်မြင်နိုင်နေသည့်နှယ် ဆာတိုးရီထံ လက်ကမ်းပေးလာ၏။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now