UNICODE
အပိုင်း (၆)
ဆိုးစုခဲနှင့်အတူတကွဖြတ်သန်းရမည့် ဆာတိုးရီ၏ဘဝအသစ်လေး စတင်ချေပြီ။
ဆိုးစုခဲသည် ဆာတိုးရီ သူ့အား ကူညီပေးရန် ကြိုးစားရင်း တလွဲတချော်လုပ်မိသွားကြောင်းကို နားလည်သည်။ ထို့ကြောင့် ဆာတိုးရီ၏စေတနာကို အသိအမှတ်ပြုကာ ထိုအလုပ်များအပြင် အခြားကူညီပေး၍ရနိုင်သောတာဝန်များကို ခွဲဝေပေးခဲ့၏။
အတူတူနေထိုင်ဖြစ်သည့်ပထမဆုံးနေ့၌ ဆိုးစုခဲက ဆာတိုးရီ တလွဲတချော်လုပ်မိရသည့်အကြောင်းရင်းနှင့် မှန်မှန်ကန်ကန်လုပ်ရမည့် နည်းလမ်းများကို အသေးစိတ်ကျကျ ရှင်းပြပေးသည်။
"နားထောင် ဆာတိုး.. ကမ္ဘာပေါ်မှာ ဆပ်ပြာရည်တွေက မျိုးစုံရှိတယ်.. ကိုယ် ဘယ်ဟာကို လျှော်မလဲဆိုတာပေါ် မူတည်ပြီး အမျိုးအစားကွဲသွားတာ"
ဆာတိုးရီမှာ ခေါင်းကုတ်ကာ အတွေးပွားနေမိ၏။
__ကိုယ့်လျှော်မယ့်ပစ္စည်းပေါ်မူတည်ပြီး အမျိုးအစားကွဲသွားတယ်...?
ဆာတိုးရီက မျက်တောင်ပေကလတ်ပေကလတ် ခတ်လိုက်၏။ ဆိုးစုခဲက ဆာတိုးရီအား ရေချိုးခန်းထဲ ခေါ်သွားလေသည်။
"ပထမဆုံး ဒီဟာ.. ဒါက အဝတ်လျှော်ရင် သုံးရတဲ့ ဆပ်ပြာရည်"
ဆိုးစုခဲက နံရံကပ်စင်ထဲ၌ သိမ်းထားသည့် ဘူးအချို့ကို ယူထုတ်ကာ ဆာတိုးရီအရှေ့၌ တန်းစီလိုက်၏။
"ဒါက အဝတ်လျှော်ကြေးချွတ်ဆေးနဲ့ အထည်ရေစေးချွတ်ဆေး"
"အဝတ်လျှော်ကြေးချွတ်ဆေးနဲ့ အထည်ရေစေးချွတ်ဆေး"
"ဟုတ်တယ် အဝတ်လျှော်ကြေးချွတ်ဆေးက အင်္ကျီမှာ ကပ်နေတဲ့ ကြေးတွေကို ချွတ်ပေးတာ.. အထည်ရေစေးချွတ်ဆေးကတော့ .. အာ ထားပါ အဲ့ဒါကတော့ အဝတ်လျှော်ပြီးခါနီး သုံးရတဲ့ ဆပ်ပြာရည်တစ်မျိုးပဲ.. အဝတ်တွေကို ပိုပြီးနူးညံ့စေချင်တယ်ဆိုရင် အဲ့ဒါကိုသုံးလို့ရတယ်.. ကြေးချွတ်ဆေးတစ်မျိုးတည်းနဲ့လည်း ဖုန်တွေက စင်ပြီးသား.. ပြီးတော့ ဒါ.."
ဆိုးစုခဲက ယမန်နေ့က ဆာတိုးရီ အမှတ်မှားပြီး သုံးမိသွားသည့် ခေါင်းလျှော်ရည်ဘူးကို ယူလာ၏။ ထိုဘူးကို ကြေးချွတ်ဆေးနံဘေး၌ ချထားလိုက်သည်။
YOU ARE READING
မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたい
Short StoryTITLE : その声が聞きたい | I Want to Hear Your Voice AUTHOR : 午後野つばな | Gogono Tsubana CHAPTERS : 20 Chapters + 9 Extras 'ဆာတိုးရီ'ဟု အမည်တွင်သည့် အတွေးဖတ်နိုင်သော တစ္ဆေမုန်းများသည့် တစ္ဆေလေး X သတ္တိရှိကာ ကြင်နာတတ်သော အစီအစဥ်တင်ဆက်သူ 'ဆိုးစုခဲ' 'ဆာတိုးရီ'ဟု...