Chp - 10.1

632 150 1
                                    

UNICODE

အပိုင်း (၁၀.)

"ဒါဆို ငါ သွားပြီနော်"

အလုပ်သွားတော့မည့်ဆိုးစုခဲက သူ့အား အိမ်ပေါက်ဝအထိ လိုက်ပို့ပေးနေသည့် ဆာတိုးရီကို ခြောက်ခြောက်သွေ့သွေ့ပြုံးပြ၏။

(သူ အဆင်ပြေချင်ယောင်ဆောင်နေပေမဲ့လည်း တစ်ယောက်တည်း အထီးကျန်နေတယ်ဆိုတာ သိသာနေတာပဲ။ )

"ငါ ခဏခဏပြောပြီးသားမလား.. ငါ့ကို အဖော်လုပ်ပေးဖို့ ဒီလောက်အစာကြီး ထစရာမလိုဘူးလို့.. မင်း ငါ့အိမ်မှာ နေတယ်ဆိုတိုင်းလည်း ဒီလို တကူးတကထွက်ထွက်ပို့စရာမလိုဘူးလေ"

(မလုပ်ချင်ဘဲ လုပ်နေရတာများလား? သူ့ကို စည်းကမ်းတွေ မလိုက်နာရင် အိမ်ပေါ်က နှင်ချမယ်လို့ ခြိမ်းခြောက်ထားပေမဲ့လည်း သက်သက်သာသာပဲ နေမှပေါ့။ သူ ဘာမှဆိုးဆိုးရွားရွားလုပ်မှာမဟုတ်မှန်း ငါ သိနေတာပဲ။ )

ဆိုးစုခဲ၏အတွေးတသီတတန်းက ဆာတိုးရီထံ ရောက်ရှိတိုင်း ဆာတိုးရီ၏ရင်ဘတ်မှာ နွေးထွေးမှုဖြင့် ပြည့်လျှမ်းသွားရသည်။

"ငါ-ငါ မလုပ်ချင်ဘဲ လုပ်နေရတာမဟုတ်ပါဘူး.. တကယ် အဲ့လိုမဟုတ်ပါဘူး"

ဆာတိုးရီ ခေါင်းခါပြနေသည်ကို ကြည့်ရင်း ဆိုးစုခဲ၏မျက်ဝန်းအကြည့်များက နူးညံ့ပျော့ပျောင်းသွားရပြန်၏။

(ချစ်စရာလေး....)

ဆာတိုးရီမှာတော့ အငိုက်မိသွားသည့်နှယ် မျက်လုံးအပြူးသားဖြစ်သွားလေသည်။ ဤသည်ကို ကြည့်ရင်း ဆိုးစုခဲလည်း အနည်းငယ်တွေဝေသွား၏။

(ဘာဖြစ်တာလဲ?)

"ဂ-ဂရုစိုက်နော်.. အလုပ်မှာ ကံကောင်းပါစေ"

ဆာတိုးရီ၏စကားဆုံးသော် ဆိုးစုခဲက တခစ်ခစ်ရယ်မော၏။ လက်မြှောက်ကာ ဆာတိုးရီ၏ခေါင်းအား ပွတ်သပ်လိုက်သည်။ ဆာတိုးရီမှာ ဒုတိယမ္ပိ မျက်လုံးအပြူးသားဖြစ်သွားရပြန်၏။ ဆိုးစုခဲအား မော့ကြည့်လိုက်တိုင်း မျက်ဝန်းထဲရှိ နွေးထွေးကြင်နာမှုများကို အထင်းသားတွေ့မြင်နိုင်သည်။ ဆာတိုးရီ၏မျက်နှာတစ်ပြင်လုံး နီရဲတွတ်သွားရ၏။

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now