Chp - 4

746 170 0
                                    

UNICODE

အခန်း ()

လေတိုးသံနှယ် အသံခပ်ယဲ့ယဲ့ကြောင့် ဆာတိုးရီ အိပ်ပျော်နေရာမှ နိုးလာ၏။ ဆိုးစုခဲအား စောင့်ဆိုင်းရင်း ဆိုဖာထက် အိပ်မောကျသွားခြင်းဖြစ်ရမည်။ အခန်းထဲ နေရောင်ခြည်မဝင်ဘဲ မှောင်မိုက်နေသေး၍ အရုဏ်မတက်သေးကြောင်း အတပ်ပြောနိုင်၏။

"ဆောရီး မင်းကို နှိုးလိုက်သလိုဖြစ်သွားလား?"

"ဆိုးစုခဲ"

ဆာတိုးရီက ဆတ်ခနဲ​ ထထိုင်လိုက်သည်။ ကိုယ်ထက်၌ ခြုံထားသည့်စောင်က ကြမ်းပြင်ပေါ် လျှောကျသွားရာ ဆာတိုးရီလည်း ချက်ချင်း လက်ဆန့်ကာ စောင်ကို ကောက်ယူ၏။ မအိပ်မီက ကိုယ်ထက်၌ မည်သည့်စောင်မျှ ရှိမနေ၍ အိပ်ပျော်နေစဉ် ဆိုးစုခဲလာခြုံပေးထားခြင်းဖြစ်ပါလိမ့်မည်။ ထိုအတွေးကြောင့် ဆာတိုးရီ၏ရင်ဘတ်ထဲ ယားကျိကျိဖြစ်သွား၏။ လက်ချောင်းများဖြင့်လည်း ခြုံစောင်၏နူးညံ့လှသည့်အသားကို ထိတွေ့ခံစားနေမိသည်။

"ပြန်အိပ်တော့လေ"

ဆိုးစုခဲသည် တစ်နေရာရာသို့ သွားမည့်ပုံပေါက်၏။ လက်ပတ်နာရီကို ကောက်ဝတ်နေလေသည်။ အိပ်ယာမဝင်မီ ဝတ်ဆင်ထားသော ချောင်ချောင်ချိချိအဝတ်အစားမျိုးမဟုတ်ဘဲ ယခုအခါ ဝတ်စုံပြည့်ကို သပ်သပ်ရပ်ရပ်ဝတ်ထား၏။ ဆိုးစုခဲက ဆာတိုးရီအား ကြည့်လိုက်ပြီးနောက် တွေးတောလိုက်သည်။

(ဟုတ်သား သူ ငါ့အိမ်ထဲ ရောက်နေတာကို မေ့သွားတယ်။)

ဆိုးစုခဲက ဆာတိုးရီ၏တည်ရှိမှုကို တစ်ခါပြန် သတိထားမိသွားပုံပေါက်၏။

"ဘယ်သွားဖို့လဲ​ ဆိုးစုခဲ?"

"ဆောရီး ငါ အလုပ်သွားရတော့မှာမို့"

(သူ့ကို အလုပ်ထဲ​ ခေါ်သွားဖို့ကလည်းမဖြစ်ဘူး။ အိမ်မှာလည်း တစ်ယောက်တည်း ဒီလိုမထားခဲ့နိုင်ဘူး။ သူ့လုပ်ပုံကိုင်ပုံက ဘယ်လောက်ပဲ ကလေးတစ်ယောက်နဲ့တူတယ်ပြောပြော သူက ကလေးမှမဟုတ်ဘဲ။ စိတ်မချနိုင်စရာအကြောင်းတော့မရှိပေမဲ့ တစ်ယောက်တည်း ထားခဲ့ဖို့ကျပြန်တော့လည်း.....)

မင်းအသံလေးသာ နားဆင်ချင်/ その声が聞きたいWhere stories live. Discover now