Meng က သူ့ချစ်သူကို ခိုးသွားတဲ့ ရှောင်းကျန့်နဲ့ အခုလိုစကားများရလိမ့်မယ်လို့ မျှော်လင့်မထားဘူး။
ပြီးတော့ အဲ့ကောင်လေးက သူ့ကို အကြောက်အလန့်မရှိဘဲ ကတ်ကတ်လန်အောင် ရန်ပြန်တွေ့မယ် ဆိုတာရောပေါ့...
သူအခန်းထဲကို ပြန်ရောက်တဲ့အချိန်မှာတော့ ဝမ်ရိပေါ်က ရေချိုးနေခဲ့ပြီ။ Meng က ချက်ချင်းပဲ မျက်ရည်ကြီးငယ်ကျပြကာ ရိပေါ်ကို ရေချိုးခန်းထဲက ထွက်လာအောင် လုပ်လိုက်တယ်။
" ဘာဖြစ်လို့လဲ Babe? ဘာလို့ ငိုနေတာလည်း? "
ရိပေါ်က သူ့ချစ်သူကို ပွေ့ဖက်ရင်းမေးလိုက်ခြင်းပင်။
Meng က သူ့ကိုရန်တွေ့လိုက်တဲ့ ရှောင်းကျန့်ကို အတော်လေး ဒေါသထွက်ပြီး မုန်းနေမိသည်။
ဒါ့ကြောင့် ရန်တွေ့ကောင်းပုံရတဲ့ ရှောင်းကျန့်ကို ကလဲ့စားချေဖို့ သူ့ချစ်သူကို အသုံးချရတော့မည်။
" နွားနို့ခွက်ယူဖို့ ငါမီးဖိုချောင်ထဲသွားမယ်လို့ မင်းကိုပြောခဲ့တယ်နော် "
" ဟုတယ်လေ မင်းပြောခဲ့တယ်။ အဲ့တာ အခုဘာဖြစ်လို့လဲ "
ရိပေါ်က စိတ်တိုစွာနဲ့ သူ့ချစ်သူကို မေးလိုက်တယ်။
Meng က ချီတုံချတုံဖြစ်နေဟန်နဲ့ ခေါင်းကိုငုံ့ချကာ အောက်နှုတ်ခမ်းကို လက်ဖြင့်ပွတ်နေခဲ့တယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ပြောမပြရဲတဲ့ ပုံစံမျိုးပေါ့။
" မင်းဘာတွေဖြစ်ခဲ့လဲ ငါ့ကိုပြောလေ။ ခုလို ပါးစပ်ပိတ်နေဖို့ မလိုဘူး "
ရိပေါ်က ထပ်မေးလိုက်တော့ Meng က မျက်ရည်အဝိုင်းသားနဲ့ သူ့ချစ်သူကို မော့ကြည့်တယ်။ ထို့နောက် သက်ပြင်းတစ်ခုချကာ...
" မင်း ဘာမှမသောင်းကျန်းပါဘူးလို့ ငါ့ကို ကတိပေး။ နားလည်မှုလွဲစရာ ကိစ္စတွေအတွက် ငါဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘူး "
Meng က ကြင်နာစိတ်အပြည့်ရှိတဲ့ လေသံနဲ့ ပြောလိုက်တာဖြစ်တယ်။ သူ့လေသံက ရိပေါ်ရဲ့ နှလုံးသားကို ချက်ချင်းပဲ ပျော့ပျောင်းသွားစေတယ်။

YOU ARE READING
𝗜 𝗛𝗔𝗧𝗘 𝗬𝗢𝗨 ( မြန်မာဘာသာပြန် )
Fanfictionဘယ်သိခဲ့ပါ့မလဲ... သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်မိလို့ ဖြစ်ရတဲ့ အမှားလေးတစ်ခုက သူ့ပျော်ရွှင်မှုတွေအားလုံးကို ဖျက်စီးပစ်လိုက်လိမ့်မယ်လို့ပေါ့..... I don't own this story and I translated with permission from the original author @FatumaHabuya...