Episode-5 (U)

1.4K 93 13
                                    

ရက်သတ္တပတ်များ ကုန်ဆုံးသွားတဲ့အခါမှာ ရှောင်းကျန့်ဟာ လုံခြုံသွားခဲ့ပြီဖြစ်တယ်။ အခုဆိုရင် သူဆီကို ဘာပြဿနာ၊ဘာဒရာမာမှ ရောက်မလာတော့ဘူး။

မိဘတွေနဲ့ သူငယ်ချင်းတွေကလွဲရင် ရှောင်းကျန့်အတွက် မမွေးသေးတဲ့ ကလေးပေါက်စက တစ်ခုတည်းသော အရေးကြီးဆုံးလေးပဲ...

ဒါ့ကြောင့် ရှောင်းကျန့်က တစ်နှစ်တာအတွင်း သူလုပ်ရမယ့် အလုပ်တွေနဲ့ သူ့ဗိုက်ထဲက ကလေးရဲ့ ကျန်းမာရေးအတွက်ပဲ အာရုံစိုက်ခဲ့တယ်။

အခုဆို ရှောင်းကျန့်ရဲ့ ကိုယ်ဝန်က နှစ်လနီးပါးရှိနေပြီဖြစ်ပြီး အလုပ်တွေကိုလည်း အရင်ကလို သူ ပုံမှန်မလုပ်နိုင်တော့ဘူး။

အထက်တန်းကျောင်းပြီးကတည်းက မိဘတွေရဲ့ အကူအညီမပါဘဲ သူ့ပညာရေးအတွက် သူ့ဘာသာသူသာ ကြိုးစားခဲ့တဲ့ ရှောင်းကျန့်က လူအများကြီးနဲ့ မဆက်ဆံဖူးပေမယ့် လွတ်လပ်တဲ့ အတွေးအခေါ်တွေ‌တော့ ရှိနေခဲ့တယ်။

ဝမ်ရိပေါ်နဲ့ချစ်သူဟာလည်း တစ်ပတ်လောက်အကြာမှာ ပြန်လည်သင့်မြတ်ခဲ့ပြီး အခုတော့ အဆင်ပြေသွားခဲ့ပြီဖြစ်တယ်။ အရာအားလုံးကို မေ့ပစ်လိုက်ပြီး အသစ်ကနေ ပြန်လည်စတင်ဖို့ ဝမ်ရိပေါ်နဲ့ Meng က ဆုံးဖြတ်ခဲ့ကြပုံပဲ။

မကြာသေးခင်ကကျင်းပခဲ့တဲ့ သူနဲ့ ဝမ်ရိပေါ်ရဲ့ လက်ထပ်ပွဲဟာ ဓာတ်ပုံချိတ်ဆွဲထားရုံသာ ဖြစ်တော့တယ်။

................................................................

Meng ဘက်တွင်တော့ အရာအားလုံးအတွက် အစီအစဉ်တွေ ရှိပြီးသားဖြစ်တယ်။ သူ့ကိစ္စအောင်မြင်ဖို့အတွက် Meng က ဘာမဆို လုပ်တော့မှာ။

ဝမ်ရိပေါ်အတွက် လွန်ခဲ့တဲ့ နှစ်ပတ်ကကိစ္စတွေက ပြီးသွားခဲ့ပြီဆိုပေမယ့်လည်း Meng ကတော့ မပြီးဆုံးနိုင်။

ရှောင်းကျန့် ဘက်က တောင်းပန်လာရင်တောင် Meng က ခွင့်လွှတ်မှာမဟုတ်တော့ဘူး။

................................................................

ဒီနေ့ မနက် ဆေးစစ်ဖို့ ချိန်းထားတာ‌ကြောင့် ဆေးရုံကို ရှောင်းကျန့် သွားရမှာဖြစ်တယ်။

မနက်စာအတွက် အပြင်ကနေ အစားအသောက်ကို မှာစားလိုက်ပြီးနောက်မှာတော့ ဆေးရုံကိုသွားဖို့ ရှောင်းကျန့်က အဆင်သင့်ဖြစ်နေခဲ့ပြီ။

𝗜 𝗛𝗔𝗧𝗘 𝗬𝗢𝗨 ( မြန်မာဘာသာပြန် )Where stories live. Discover now