" ကျနော် ရှောင်းကျန့်ကို ဆေးရုံဆင်းခွင့်ပေးမယ် ဒါပေမယ့် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော်၊ကျွန်တော်လည်း ခဏခဏ လာကြည့်ပေးမယ် ဟုတ်ပြီလား "
ဆရာဝန်က သက်ပြင်းချရင်း သူ့ကို ခပ်အေးအေးလေးပြုံးပြနေတဲ့ ရှောင်းကျန့်ကိုပြောလိုက်တယ်။
" ဒေါက်တာက ကျတော့်ကို စိတ်မပျက်စေဘူးဆိုတာ ကျတော်ယုံပါတယ်။ ပြီးတော့ ကျတော့်မှာ ဒေါက်တာပဲရှိတော့တယ်။ ကျတော့်ရဲ့ မျှော်လင့်ချက်တွေက ဒေါက်တာပေါ်ပဲ မူတည်ပါတယ် "
ရှောင်းကျန့်က ဆရာဝန်နဲ့လက်ဆွဲနှုတ်ဆက်ရင်း လေးလံတဲ့စိတ်တွေနဲ့ ဆေးရုံကဆင်းလာခဲ့တယ်။
ဒီအတောအတွင်း ဖြစ်ပျက်သမျှ ကိစ္စအားလုံးကို သူ့ခေါင်းထဲက ထုတ်ပစ်လို့မရသေးဘူး။ ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်ကကိစ္စတွေကို ဖော်ထုတ်ပြီး သူ့ကလေးအတွက် ကလဲ့စားချေရဦးမယ်။
ရှောင်းကျန့်သာ ဒီအတိုင်းဆက်ပြီး ပြိုလဲနေရင် သူလည်းသေချာပေါက် အသတ်ခံရမှာအမှန်ပဲ။ ဒါကြောင့် ခုချိန်မှာ ရှောင်းကျန့် အနေနဲ့သန်မာနေဖို့လိုတယ်။
ဝမ်ရိပေါ်ရဲ့အိမ်ကိုပြန်တဲ့လမ်းမှာ ရှောင်းကျန့်က ဒီအတောအတွင်းပထမဆုံးအကြိမ်အဖြစ် သူ့မိဘတွေကို ဖုန်းခေါ်လိုက်တယ်။
ဒီကြားထဲမှာ မတော်တဆမှု သေးသေးလေးတစ်ခု ဖြစ်သွားခဲ့ပေမယ့် သူအဆင်ပြေကြောင်းနဲ့.... ကမ္ဘာပတ်ခရီးထွက်နေတဲ့ ပါပါးတို့ကိုလည်း ပြန်လာစရာမလိုကြောင်း ပြောလိုက်တယ်။
ပါပါးတို့သာ ခုချိန်ပြန်လာရင် သူက ဝမ်ရိပေါ်နဲ့ Meng ရဲ့ကိစ္စကို ဖြေရှင်းချိန် ရမှာမဟုတ်တော့ဘူး။
******
သူ ဝမ်ရိပေါ်ရဲ့ အိမ်ကိုရောက်သွားတဲ့ အချိန်မှာတော့ တံခါးဝတွင်ရပ်ကာ ကြောက်မက်ဖွယ်ရာအဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တဲ့နေရာကြီးကို ကြောင်ကြည့်နေမိတယ်။
ရှောင်းကျန့် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ့အခန်းကိုသာ တိုက်ရိုက်သွားလိုက်တော့တယ်။
သူ့အခန်းထဲရောက်တော့ သူဝယ်ထားခဲ့တဲ့ ကလေးကုတင်နဲ့ အရုပ်ပိစိလေးတွေက သူ့အိပ်ရာပေါ်မှာ အစီအရီရှိနေခဲ့တယ်...။ ရှောင်းကျန့် သူ့အိပ်ရာဆီကို အမြန်ပြေးသွားမိတယ်။

YOU ARE READING
𝗜 𝗛𝗔𝗧𝗘 𝗬𝗢𝗨 ( မြန်မာဘာသာပြန် )
Fanfictieဘယ်သိခဲ့ပါ့မလဲ... သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်မိလို့ ဖြစ်ရတဲ့ အမှားလေးတစ်ခုက သူ့ပျော်ရွှင်မှုတွေအားလုံးကို ဖျက်စီးပစ်လိုက်လိမ့်မယ်လို့ပေါ့..... I don't own this story and I translated with permission from the original author @FatumaHabuya...