ရှောင်းကျန့်က ဆေးရုံကို ချက်ချင်းသွားပြီး သားဖွားမီးယပ်ဆရာဝန် ( OG ) နဲ့တွေ့ခဲ့တယ်။ ဆရာဝန်က ကလေးအဖေအကြောင်း မေးတော့ ပထမဆုံး သူဘာပြန်ပြောရမှန်း မသိခဲ့ပါဘူး။
ကလေးအဖေက ကိုယ်ဝန်ဖျက်ချရင် ပိုက်ဆံကောင်းကောင်းပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့်.. ရှောင်းကျန့် ကောင်းကောင်းသိတာပေါ့။ သူ ဝမ်ရိပေါ်ကို ဘယ်တော့မှ မမှီခိုသင့်ဘူးဆိုတာလေ။
ဒါ့ကြောင့် ဒီကလေးက မလိုအပ်ဘဲ ရောက်လာခဲ့တယ်ဆိုရင်တောင် ရှောင်းကျန့်ကတော့ ကိုယ်ဝန်ဖျက်မချဖို့ကိုပဲ ဆုံးဖြတ်ခဲ့တယ်။
ကလေးက ပျော်ရွှင်ပြီး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာနဲ့ ဝမ်ရိပေါ်ရဲ့ မကူအညီကို မယူဘဲ ကလေးကို သူတစ်ယောက်တည်း စောင့်ရှောက်မယ်။
လောလောဆယ်မှာ ဝမ်ရိပေါ်က ဖခင်ကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်ပေးရုံပဲ။
ကလေးတွေဆိုတာ ဘုရားပေးတဲ့ ကောင်းချီးတစ်ပါးပဲ။ ဘာအမှားမှ လုပ်မထားတဲ့ အပြစ်မရှိတဲ့ ကလေးတစ်ယောက်ကို ရှောင်းကျန့်က သတ်မှာမဟုတ်ဘူး။
အမှားလုပ်ခဲ့တဲ့ နတ်ဆိုးကောင် ဝမ်ရိပေါ်ကတော့ အဲ့တာကိုမသိဘဲ ဒေါသတကြီးနဲ့ ကလေးကိုဖျက်ချခိုင်းရဲတယ်။ ရှောင်းကျန့်အတွက်တော့ လုံးဝခွင့်မလွှတ်နိုင်စရာပဲ။
ဘယ်မိဘကမှ ကိုယ့်သားသမီးကို မသတ်ဘူးမဟုတ်လား။ အဲ့အကြောင်းတွေးမိရုံနဲ့ သူ ကလေးအတွက် စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့်လည်း အရာအားလုံးက ဖြစ်ပြီးသွားခဲ့ပြီမို့ ရှောင်းကျန့်လည်း ဘာမှမတတ်နိုင်ဘူး။
///
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
![](https://img.wattpad.com/cover/309380598-288-k452162.jpg)
YOU ARE READING
𝗜 𝗛𝗔𝗧𝗘 𝗬𝗢𝗨 ( မြန်မာဘာသာပြန် )
Fanfictionဘယ်သိခဲ့ပါ့မလဲ... သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်မိလို့ ဖြစ်ရတဲ့ အမှားလေးတစ်ခုက သူ့ပျော်ရွှင်မှုတွေအားလုံးကို ဖျက်စီးပစ်လိုက်လိမ့်မယ်လို့ပေါ့..... I don't own this story and I translated with permission from the original author @FatumaHabuya...