ဒီအတိုင်းဆက်သွားနေရင် ရိပေါ်ကိုဆုံးရှုံးရလိမ့်မယ်ဆိုတာ Meng ကောင်းကောင်းသိတယ်။
ဝမ်မိသားစုကိုဖျက်ဆီးပြီး ဝမ်မိသားစုဆီကပစ္စည်းကိုပြန်ယူနိုင်ခဲ့ရင်တောင်...
သူ ဝမ်ရိပေါ်ကိုဆက်ချစ်နေမိဦးမှာပဲ။တကယ်လို့ မိသားစုအတွက်တိုက်ပွဲဝင်မလား?ဝမ်ရိပေါ်နဲ့အတူရှိနေမလား? ဆိုပြီးရွေးချယ်ခိုင်းခဲ့ရင် Meng က ဒုတိယရွေးချယ်မှုကို ရွေးချယ်မှာဖြစ်တယ်။ ဝမ်ရိပေါ်နဲ့ထာဝရအတူနေပြီး မိသားစုဘဝလေးတစ်ခုကို သူ တည်ဆောက်ချင်တယ်။
လက်ရှိရှောင်းကျန့်ရဲ့ မြူဆွယ်မှုတွေကို သူသာမတားဆီးနိုင်ခဲ့ရင် မကြာခင်ရိပေါ်ကို သေချာပေါက်ဆုံးရှုံးရလိမ့်မယ်။ ဝမ်ရိပေါ်ကို လက်လွှတ်ဖို့ သူအဆင်သင့်မဖြစ်သေးဘူးလေ။
" ရှောင်းကျန့်ဆိုတဲ့ခွေးကောင်လေး...ဒါတွေဖြစ်နေရတာ မင်းကြောင့်ပဲ! "
Meng ကအော်ရင်း ထွက်သွားခဲ့တယ်။ ထိုင်နေတဲ့ရှောင်းကျန့်ကတော့ Meng အသံကိုကြားလိုက်တော့ပြုံးမိတယ်။သူတို့ကရှောင်းကျန့်ကိုခြိမ်းခြောက်ချင်နေကြတာပဲ။ဒါပေမယ့်သူတို့ဖြစ်စေချင်သလိုဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။
ဒါကပျော်စရာကိစ္စတွေဖြစ်လာမှမဟုတ်တာတော့သေချာတယ်။ ရှောင်းကျန့်အပေါ်လုပ်ခဲ့တဲ့အရာအားလုံးအတွက် သူတို့ပြန်ပေးဆပ်ရလိမ့်မယ်။အထူးသဖြင့်သူ့ကလေးကိုသတ်ခဲ့တဲ့လူတွေပေါ့...
ရှောင်းကျန့်ကအားလုံးကိုမေ့ပစ်ပေးနိုင်ပေမယ့်သူတို့က သူ့ကလေးကိုပြဿနာထဲဆွဲထည့်ခဲ့ကြတယ်။ မထိသင့်တဲ့အရာတစ်ခုကိုသူတို့ကထိခဲ့ကြတာပဲ။
သူ့ကလေးလေးက အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ ရင်သွေးဘဝမှာတင်အသတ်ခံခဲ့လိုက်ရတယ်။ရှောင်းကျန့်မှာတော့ သူ့ကလေးကိုမိဘတစ်ယောက်အနေနဲ့တောင် ကာကွယ်ခွင့်မရလိုက်ခဲ့ချေ။
အဲ့ဒိတော့ သူ့ကလေးအတွက် ကလဲ့စားချေသင့်တယ်မလား....?
*******
ရိပေါ်ကစောစောအနားယူဖို့ဆုံးဖြတ်ရင်းရေချိုးခန်းထဲကထွက်လာခဲ့တယ်။ ရေချိုးခန်းထဲကထွက်အလာ မမျှော်လင့်ပဲအနမ်းခံလိုက်ရတာကြောင့် ဝမ်ရိပေါ်တစ်ယောက် စက္ကန့်အနည်းငယ်မျှမှင်သက်သွားခဲ့တယ်။ ပြီးမှ သူ့ခွင့်ပြုချက်မရဘဲ လာနမ်းတဲ့လူကိုတွန်းထုတ်လိုက်တယ်။

YOU ARE READING
𝗜 𝗛𝗔𝗧𝗘 𝗬𝗢𝗨 ( မြန်မာဘာသာပြန် )
Fanfictionဘယ်သိခဲ့ပါ့မလဲ... သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်မိလို့ ဖြစ်ရတဲ့ အမှားလေးတစ်ခုက သူ့ပျော်ရွှင်မှုတွေအားလုံးကို ဖျက်စီးပစ်လိုက်လိမ့်မယ်လို့ပေါ့..... I don't own this story and I translated with permission from the original author @FatumaHabuya...