Meng တစ်ယောက် ရိပေါ်တို့ပြောနေတဲ့ စကားတွေကို ခိုးနားထောင်ရင်း ရှောင်းကျန့်မှာ ကိုယ်ဝန်ရှိနေတဲ့ အကြောင်းကြားလိုက်ရတော့ နေရာမှာတင် အေးခဲသွားခဲ့တယ်။
ရှောင်းကျန့်မှာ ကိုယ်ဝန်ရှိနေခဲ့တာလား? ဒီကိစ္စကို သူတကယ်မသိခဲ့ဘူး။
သူ...သူထင်ခဲ့တာက ချမ်းသာတဲ့ ဝမ်မိသားစုနဲ့ ရှောင်းကျန့်က ရိပေါ်ကို လိုချင်လို့ပြတဲ့ အကြောင်းပြချက်တစ်ခုလို့ပဲ သူထင်ထားခဲ့တာ။
ဒါဆို ရိပေါ်က သူ့ကွယ်ရာမှာ ရှောင်းကျန့်နဲ့ အိပ်ချင်တိုင်းအိပ်ပြီးတော့ ကိုယ်ဝန်ရလာမှ လက်ထပ်လိုက်ရတာပေါ့
ဒါတောင် Meng ဘက်က လက်ထပ်ကြမယ်လို့ ပြောတာကို ကလေးရှိနေပြီဖြစ်တဲ့ ရိပေါ်က ဘာလို့မငြင်းခဲ့တာလဲ?
ပြီးတော့ ရှောင်းကျန့်နဲ့သူ့ကို မိဘတွေက အတင်းအကျပ် လက်ထပ်ခိုင်းတာပါလို့ ဘာလို့လိမ်ပြောရတာလဲ
သူ့အပေါ်ကို ဝမ်ရိပေါ်က သစ္စာဖောက်ခဲ့တာပဲ !
................................................................
ရိပေါ်က သူနေတဲ့ အကျဉ်းခန်းကို ပြန်လာတဲ့အချိန်မှာ အလုပ်ကြမ်းကြောင့် ပင်ပန်းနေတဲ့ Meng ကိုတွေ့လိုက်တယ်။ တကယ်တော့ သူတို့နှစ်ယောက်လုံး ဒီအလုပ်ကြမ်းတွေကြောင့် ပင်ပန်းနေကြပြီဖြစ်သည်။
"အဆင်ပြေရဲ့လား Babe, မင်းကြည့်ရတာ မျက်နှာမကောင်းပါလား "
ရိပေါ်က မေးလိုက်တော့ Meng မျက်နှာက ချက်ချင်းပြောင်းသွားကာ
" ဗိုက်တစ်လုံးနဲ့ သူဌေးသားကို ဘာလို့လက်ထပ်ရတာလဲ? အဲ့ဒိကလေးအဖေက မင်းဖြစ်နေလို့လား ဝမ်ရိပေါ် "
Meng ရဲ့ စကားကြောင့် ရိပေါ် အံ့သြသွားရတယ်။ သူ့ချစ်သူ ဒီလိုမေးလိမ့်မယ်လို့ ရိပေါ် မျှော်လင့်မထားခဲ့ဘူးလေ။
" ငါရှင်းပြမယ် Meng, ဟုတ်တယ်...ငါ မှားခဲ့ပါတယ်၊ ဒါပေမယ့် ငါ့ပုံမှန်အသိစိတ်နဲ့ လုပ်ခဲ့တာမဟုတ်ဘူး...အဲ့ဒိညက ငါမူးပြီး ငါ့သူငယ်ချင်းတွေနဲ့ အလောင်းအစားတစ်ခု လုပ်ခဲ့မိတယ်။ ပြီးတော့ ငါ့ဘဝရဲ့ အကြီးမားဆုံး အမှားတစ်ခုကို ကျူးလွန်မိခဲ့တာပဲ...ဒီကိစ္စကို မင်းကိုပြောပြဖို့ အချိန်ကောင်းကို ငါ စောင့်နေခဲ့တာပါ "

YOU ARE READING
𝗜 𝗛𝗔𝗧𝗘 𝗬𝗢𝗨 ( မြန်မာဘာသာပြန် )
Fanficဘယ်သိခဲ့ပါ့မလဲ... သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်မိလို့ ဖြစ်ရတဲ့ အမှားလေးတစ်ခုက သူ့ပျော်ရွှင်မှုတွေအားလုံးကို ဖျက်စီးပစ်လိုက်လိမ့်မယ်လို့ပေါ့..... I don't own this story and I translated with permission from the original author @FatumaHabuya...