Episode-6 (U)

1.6K 116 8
                                    

ဆရာဝန်က နေရာမှာပဲမလှုပ်မရှပ် ရပ်နေမိခဲ့တယ်။ သူအ‌နေနဲ့ ဝမ်ရိပေါ်ကို တကယ်လေးစားခဲ့ပေမယ့် အခုဝမ်ရိ‌ပေါ် ခိုင်းနေတဲ့ အရာကိုတော့ သူလက်မခံနိုင်ဘူး။

ဒါက ဆန္ဒမပါတဲ့ လူတစ်ယောက်ကို ခွဲစိတ်ရမှာဖြစ်ပြီး မမွေးသေးတဲ့ကလေးရဲ့ အသက်ကို စိုးရိမ်ရစေတဲ့ အလုပ်ဖြစ်တယ်။

သူတို့ဆရာဝန်အဖွဲ့နဲ့ သူကိုယ်တိုင်က ဒီလိုခွဲစိတ်မှုကို လုပ်မှာမဟုတ်ဘူး။

" ကာယကံရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ဒီခွဲစိတ်မှုကို ကျ‌တော်တို့မလုပ်နိုင်ပါဘူး sir, ဒါက ဆရာဝန်တစ်‌ယောက်ရဲ့ သိက္ခာနဲ့ လုံးဝဆန့်ကျင်နေတာပဲ "

ဆရာဝန်က ငြင်းလိုက်တာဖြစ်တယ်။ ဝမ်ရိပေါ်က သူလေးစားရတဲ့လူဖြစ်ပေမယ့် ဒီခွဲစိတ်မှုကို သူ လုပ်ပေးမှာမဟုတ်ဘူး။

" မင်းက ငါ့အမိန့်ကိုဖီဆန်‌နေတာလား။
မင်းရဲ့ သနားစရာ မိသားစုနဲ့ မင်းဘဝကိုကယ်တင်ချင်တယ်ဆိုရင် အခုပဲ စခွဲစိတ်လိုက်တော့။ အခု ငါ့ချစ်သူက အသက်အန္တရာယ် စိုးရိမ်နေရတာကွ "

ဝမ်ရိပေါ်က ဆရာဝန်ကို အော်ထုတ်ကာပြောလိုက်ခြင်းပင်။

ဘာလုပ်ရမှန်းမသိလို့ စိတ်ရှုပ်နေပုံရတဲ့ ဆရာဝန်နဲ့ ဝမ်ရိပေါ်ကို ကြည့်ရင်း ရှောင်းကျန့် သက်ပြင်းချလိုက်တယ် ..

" ကျတော့်ကို ခွဲစိတ်လိုက်ပါ ဒေါက်တာ..
Meng ရဲ့ အသက်ကို ကယ်ဖို့အတွက် ကျတော်နဲ့ ကျတော့်ကလေးရဲ့အသက်ကို စတေးပစ်လိုက်မယ် , အခု ခွဲစိတ်ကြတော့မလား "

မထင်မှတ်ထားတဲ့ ရှောင်းကျန့်ရဲ့ စကားကြောင့် ဝမ်ရိပေါ်နဲ့ ဆရာဝန်ဟာ အံ့အားသင့်သွားခဲ့တယ်။

" သေချာစဉ်းစားပါဦး လူနာရှင်၊ ဒါကို မင်းမလုပ်နိုင်ပါဘူး၊ ကျဝောာ်ကိုယ်တိုင်လည်း ဒီလိုမလုပ်သင့်တဲ့ အရာကို လုပ်မှာမဟုတ်ဘူး...
ဒါ ကျဝောာ်တို့ ဆရာဝန်အလုပ်နဲ့ ဆန့်ကျင်နေတာပဲ "

ဆရာဝန်က တားပေမယ့်လည်း လူနာရှင် ရှောင်းကျန့်က သူ့စကားတွေကို လျစ်လျူရှုကာ ခွဲစိတ်ခန်းဆီသို့ လျှောက်သွားခဲ့တယ်။

𝗜 𝗛𝗔𝗧𝗘 𝗬𝗢𝗨 ( မြန်မာဘာသာပြန် )Where stories live. Discover now