" ခင်ဗျားကို အကြံလေးတစ်ခုလောက် ပေးပါရစေ.. ခင်ဗျားက ဘယ်သူ့ကိုမဆို အကုန်လုပ်နိုင်လောက်ပေမယ့် ဝမ်ရိပေါ်ကိုတော့ မလုပ်ရက်ဘူးမလား ? အဲ့တာခင်ဗျားရဲ့ ပြဿနာပဲ ၊ တကယ်လို့ ခင်ဗျားသာ ကျနော့်လမ်းကြောင်းကိုဝင်ရှုပ်ခဲ့မယ်ဆိုရင် ခင်ဗျားဦးလေးကို ကျနော်သတ်ရလိမ့်မယ် ၊ ကျနော်ကြားထားတာမမှားဘူးဆိုရင် သူက ခင်ဗျားရဲ့တစ်ဦးတည်းသော ဆွေမျိုးမလား ? ကျနော်ကတော့ ဘာကိုမှဂရုစိုက်မနေဘူးနော်၊ ဒါကခင်ဗျားကို အသေးစားသတိပေးလိုက်တာ.. ကဲ ခင်ဗျား သွားလို့ရပြီ "
ရှောင်းကျန့်က နူးနူးညံ့ညံ့လေးပြုံးပြီး Meng ကို ထွက်သွားခွင့်ပြုလိုက်တယ် ။
နဂိုလှပပြီးသားရှောင်းကျန့်ရဲ့မျက်နှာလေးဟာ နတ်ဆိုးအပြုံးကြောင့် ပိုပြီးတောင် ဆွဲဆောင်မှုရှိသွားသေးတယ် ။Meng ကတော့ ရှောင်းကျန့်ရဲ့ခြိမ်းခြောက်မှုကို ကြောက်ပုံမပေါ်ဘူး ၊ သူက ပြုံးလိုက်ရင်း ရှောင်းကျန့်နဲ့ ပိုနီးကပ်အောင်သွားလိုက်တယ်။ ပြီးတော့ ရှောင်းကျန့်ရဲ့ မျက်လုံးတွေကိုစိုက်ကြည့်ရင်း..
" ငါမင်းကိုမကြောက်ဘူး ရှောင်းကျန့် ၊ မင်းရဲ့ဘာမဟုတ်တဲ့ စကားတွေနဲ့လာခြိမ်းခြောက်တိုင်း ငါကကြောက်ပြီးထွက်ပြေးသွားမယ်လို့ မင်းထင်နေတာလား ? ဆက်ပြီး အိမ်မက်မက်နေလိုက်... ငါ့ဦးလေးဘယ်သူလဲဆိုတာ မင်းမသိပါဘူး.. ငါ့ကိုမခြိမ်းခြောက်ခင် အဲ့ဒီ့နှစ်ချက်ကို အရင်သေချာအောင် လုပ်လိုက်ဦး "
Meng က ပြောရင်း မချိပြုံးတစ်ခုနဲ့အတူ ထွက်သွားခဲ့တယ်။
ရှောင်းကျန့်ကတော့ တခစ်ခစ်ရယ်မောရင်း ဝမ်ရိပေါ်ရှိနေမယ့် ဆေးရုံခန်းထဲကိုပြန်လာခဲ့လိုက်တယ် ။ ဝမ်ရိပေါ်ကအခုထိအိပ်ပျော်နေတုန်းပဲ။ ရှောင်းကျန့်ကမျက်လုံးမှိတ်ထားတဲ့ဝမ်ရိပေါ်ကိုကြည့်ရင်း သက်ပြင်းတစ်ခုချလိုက်တယ်။
သူ Club ထဲကိုစဝင်လာကတည်းက ဒီလူက သူ့အာရုံစိုက်မှုတွေကိုဖမ်းယူသွားခဲ့တာ၊ ပြီးတော့ ဒီလူကပဲ သူ့ကိုအရက်တွေတိုက်ခဲ့တယ်၊ သူ့ကိုစော်ကားပြီး သူ့ရဲ့လူပျိုဘဝကိုဖျက်ဆီးပစ်ခဲ့တယ်။ အဲ့တာက ဝမ်ရိပေါ်အတွက် နောင်တရစရာမရှိတဲ့အမှားလေးတစ်ခုဆိုပေမယ့် ရှောင်းကျန့်အတွက်ကတော့ သတိပေးခြင်းမရှိပဲ သူ့ဘဝထဲကိုရောက်လာတဲ့ ကံဆိုးမှုတစ်ခုလိုပဲ။
YOU ARE READING
𝗜 𝗛𝗔𝗧𝗘 𝗬𝗢𝗨 ( မြန်မာဘာသာပြန် )
Fanfictionဘယ်သိခဲ့ပါ့မလဲ... သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်မိလို့ ဖြစ်ရတဲ့ အမှားလေးတစ်ခုက သူ့ပျော်ရွှင်မှုတွေအားလုံးကို ဖျက်စီးပစ်လိုက်လိမ့်မယ်လို့ပေါ့..... I don't own this story and I translated with permission from the original author @FatumaHabuya...