Chapter 7: Ran away from home

998 138 44
                                    






" ဂျယ်ယွန်း မင်းဘာတွေလုပ်နေတာလဲ "

" အခုဘာလုပ်မိလို့လဲ အစ်ကိုကြီးကလည်း "

ဂျိတ်ခ်ပြောလိုက်တာ ဟုတ်တော့ဟုတ်သား။ အခုသူဟာ ထမင်းစားခန်းထဲက ရေခဲသေတ္တာကိုဖွင့်ပြီး စားချင်တာကိုယူစားဖို့ပါပဲ။ ဒီကလွဲ၍ သူဘာမှမတွေးမိသလို၊ ဘာဆိုဘာမှ မလုပ်ရသေးဘူး။

ရေခဲသေတ္တာထဲက ဖျော်ရည်ဘူးကိုယူ၍ မနက်ကမှ ဝယ်ယူလာသော ဒိုးနတ်တစ်ခုကိုယူကာ အစ်ကိုကြီးအား လျစ်လျူရှုသည်။ လက်ထဲမှာ စားစရာတွေနဲ့မို့ ဂျိတ်ခ်အားလပ်မနေပါ။ အခုလည်း ဘာအလုပ်မှမရှိတာမို့ အိမ်ပေါ်ထပ်သွားပြီး အနားယူမလို့ပါပဲ။

သို့သော် မိသားစုဝင်ထဲမှာအကြီးဆုံးအစ်ကိုဖြစ်သော သောမက်စ်သည်တော့ တစ်ခုခုကိုသဘောမကျဖြစ်နေသည်။ မကြာသေးခင်ကမှ မိဘနှစ်ပါးက အနားယူဖို့ နယူးဇီလန်ကိုအပျော်ခရီးထွက်သွားခဲ့တယ်။ ဒီဘက်မှာမိုးရာသီဖြစ်ပေမယ့် ဟိုဘက်မှာတော့ လည်ပတ်စရာကောင်းတဲ့ဆောင်းရာသီ၊ နှင်းစကိတ်စီးဖို့ သင့်လျှော်တဲ့ရာသီဥတုဖြစ်နေသည်။

ထို့အပြင် ဂျိတ်ခ်၏ဒုတိယမြောက်အစ်ကိုဖြစ်သော စတီဗင်ကလည်း တက္ကသိုလ်က,လေ့လာရေးခရီးကြောင့် မတည့်အတူနေ နှစ်ယောက်သာ အိမ်မှာကျန်ရစ်၏။ ဂျိတ်ခ်ကလည်း သောမက်စ်ကိုဆို စကားသိပ်မပြောချင်သလို၊ ညီအစ်ကို အရင်းပေမယ့် သူ့စိတ်ထဲဝေးကွာသလို ခံစားနေရသည်။

ယင်းနည်းတူ သောမက်စ်ကလည်း သောမက်စ်ပါပဲ၊ ဘယ်တော့အခါမျှ အငယ်ဆုံးလေးကို ချိူချိုသာသာမပြောဘူး။ ရှင်းရှင်းလင်းလင်းပြောရရင်တော့ သူ့စကားတွေက တအားပွင့်လင်းပြီး တည့်တိုးဆန်တာကြောင့် နားထဲကန့်လန့်ဖြစ်စေတာလည်း ပါမှာပေါ့။ သို့သော် ယခုတော့ သောမက်စ် အပြင်ကနေ,ဘာတွေကြားလာလဲမသိ၊ မျက်ခုံးတွေတွန့်ရှုံ့၍

" ဂျယ်ယွန်း မင်းဘာတွေလုပ်ခဲ့မှန်း တကယ်မသိဘူးလား "

" ဘာကိုလဲ။ အစ်ကိုကြီးက ရှင်းရှင်းလင်းလင်းလည်းမမေးဘူး။ ဘာကိုဖြေရမှာလဲ "

ဂျိတ်ခ် ထမင်းစားခန်းမထဲက ထွက်သွားဖို့ကြံရွယ်တုန်းမှာတင် အနောက်ဘက်၌ အစ်ကိုဖြစ်သူ၏ခပ်ကျယ်ကျယ်စကားတို့ကြောင့် ပြန်လှည့်ကြည့်ရတယ်။ စင်စစ် နားမထောင်ချင်သလို လုပ်ပစ်ချင်ပေမယ့် အဲ့လိုလုပ်မိရင် အပြောခံရမှာတွေ၊အဆူခံရမှာတွေက ကဋေကဋာမို့ ငြိမ်ငြိမ်လေး နေလိုက်မိသည်။ လက်ထဲက ဖျော်ရည်ကိုတစ်ငုံသောက်ရင်း ဘာပြောလာမလဲဆိုပြီး စောင့်စားနေလိုက်သေးတယ်။

𝗡𝘂𝗺𝗯𝗲𝗿 𝟭 𝗙𝗮𝗻𝗯𝗼𝘆|SungJakeWhere stories live. Discover now