Chapter 3

1.1K 143 66
                                    




သာမန်လူလတ်တန်းစားမှန်း သိသာလှသောနှစ်ထပ်အိမ်အတွင်းတွင်ဖြစ်၏။ ဒီနေ့ဟာ ကျောင်းပိတ်ရက်ဖြစ်သည့်အပြင် မိုးဖွဲဖွဲလေးကျဆင်းနေတာမို့ ရာသီဥတုက အေးစိမ့်စိမ့်။

ဒါပေမဲ့ မနက်စာ ထမင်းဝိုင်း၌ ဖခင်ဖြစ်သူဟာ ဆောင်ဟွန်းကိုကြည့်ရင်း ပြုံးရယ်သည်။ဤကို သူ့၏ဇနီးသည်မြင်သွားသည်ထင်ရဲ့ သူ(မ)လည်း သားဖြစ်သူကို တစ်ချက်ကြည့်၍ ဟင်းပန်းကန်ထဲက အသားပြားကြော်ကို ထည့်ပေးတယ်။

" ကျေးဇူးပဲဗျ "

ဘာဆိုဘာမှသိပုံမရသော သားဖြစ်သူဟာ မနက်စာကိုပဲ အတင်းကုန်းစားရင်း သူတို့ကို သတိမထားမိခဲ့။ တကယ်တော့ ဒီနေ့အတွက် ဂျောင်ဝန်းတို့နဲ့လျှေက်လည်ဖို့ ချိန်းထားတာရှိတယ်။ ဆောင်ဟွန်း ဒါကိုသဘောမကျပေမယ့် ဂျောင်ဝန်းက အတန်းခေါင်းဆောင်မို့ ဒုအတန်းခေါင်းဆောင်ဖြစ်တဲ့ သူ့အချစ်လေးအကြောင်းပိုသိရဖို့ ကြိုးစားရမည်။

အရင်ကတည်းက ဖော်ခဲ့သင့်တဲ့နည်းလမ်းတွေဟာ အခုမှရုတ်တရက်ကြီး ဘာလို့သတ္တိရှိလာသလဲ သူ,မသိတော့။အရင်က သူ့ကိုယ်သူယုံကြည်ချက်မရှိလို့ထင်ပါတယ်။ ဒါပေမဲ့ ယခုတော့ သူဟာ အရင်ကနဲ့တစ်စက်မှမတူမှန်း ကောင်းကောင်းကြီး ရိပ်မိနေခဲ့ပြီ။

" သား ဆောင်ဟွန်း ဘာတွေတွေးနေတာလဲ။ ဒါမှမဟုတ် ကောင်မလေးရနေတာလား "

" မဟုတ်ပါဘူး။ ကောင်မလေးမရှိပါဘူး "

" ဒါဆို True Alphaဖြစ်လို့ပျော်နေတာလား။ ငါတို့သားကတော့ ကံအရမ်းကောင်းတာပဲ။ အိမ်ထောင်ဖက်(mate)က ဘယ်သူပဲဖြစ်ဖြစ် အဖေတို့လက်ခံတယ်။ အခု သဘောကျနေရတဲ့လူရော ရှိပြီလား "

ဖခင်ဖြစ်သူဟာ တူကိုင်ထားတဲ့လက်တစ်စုံကို လွတ်လပ်ခွင့်ပေးလိုက်ပြီး ဆောင်ဟွန်းအား စူးစိုက်ကြည့်သည်။ ဖခင်ဖြစ်သူက တစ်ခုခုဖုံးကွယ်ထားတဲ့ ဆောင်ဟွန်းဆီကနေ တစ်စုံတစ်ရာ သိချင်နေပုံ။

ဆောင်ဟွန်းလို ဆယ့်ရှစ်နှစ်,ယောက်ျားသားတစ်ယောက်က သဘောကျနေတဲ့သူ မရှိဘူးလို့ပြောရင် လိမ်ရာကျနေလိမ့်မည်။ တကယ်လည်း သူ့မှာသဘောကျရတဲ့ အသေးလေး၊ပိစိလေး၊ပူတူတူးလေးရှိနေတာပဲကို။ ဆောင်ဟွန်း အသားချေဝါးနေရာမှ ရုတ်တရက်,ရပ်တန့်သွားပြီး

𝗡𝘂𝗺𝗯𝗲𝗿 𝟭 𝗙𝗮𝗻𝗯𝗼𝘆|SungJakeWhere stories live. Discover now