Chapter 9: 𝘼𝙧𝙚 𝙩𝙝𝙚𝙮 𝙘𝙡𝙤𝙨𝙚 𝙖𝙨 𝙛𝙧𝙞𝙚𝙣𝙙𝙨 ?

1K 136 77
                                    




အဖြူရောင်တိမ်စိုင်တွေက ယခုရာသီဥတုကြောင့် ညိုမှိုင်းကာ၊ ပတ်ဝန်းကျင်တစ်ခုလုံး၌ တစ်ဖွဲဖွဲမိုးရွာသွန်းခြင်းကို ခံစားမိသည်။လက်ရှိတွင် ခပ်ဖွဲဖွဲမိုးရွာခြင်းကိစ္စရပ်က ပြဿနာမရှိသော် ကောင်းကင်ယံတစ်ခွင် ထူထပ်နေသောမီးခိုရောင်တိမ်တိုက်များကြောင့် အနည်းငယ်စိုးရိမ်ဖွယ်ရှိတယ်။ဒါက ရာသီဥတုပိုဆိုးလာဖို့ ဖော်ဆောင်နေသည်ကိုး။

သို့သော်လည်း ရပ်ကွက်ထဲက convenience store၏ စားပွဲဝိုင်းတစ်ခုမှာ အေးဆေးလေးထိုင်နေပြီး ဝယ်ယူထားသော သရေစာမုန့်တွေစားနေသည့် အသေးလေးတစ်ယောက်ရှိသည်။ ခန္ဓာကိုယ်သေးသေးနှင့် ဆောင်ဟွန်းရဲ့ဂျင်းဂျက်ကတ်အပေါ်ထပ်က သူ့အတွက်အတော်လေးကြီးနေပုံပေါ်တယ်။

တကယ်တော့ ဂျိတ်ခ်ခမျှာအိမ်ကထွက်လာကတည်းက ကျောင်းဝတ်စုံတစ်စုံနှင့်သာ ဆောင်ဟွန်းအိမ်ကိုလိုက်လာရတာလေ။ အခုလည်း သူဝတ်ထားတဲ့အဝတ်အစားတွေက True Alphaရဲ့အင်္ကျီတွေချည်းဖြစ်သည်။ ဒါပေမဲ့ အားလျော်စွာ ထိုသူက သူ့(ဂျိတ်ခ်)အား  ဒီဂျက်ကတ်ကလွဲလို့ ကျန်တာတွေကို အနည်းငယ်သေးတဲ့လွန်ခဲ့တဲ့နှစ်က အင်္ကျီတွေကို ပေးဝတ်လို့ကံကောင်းသွားတယ်။

မည်မျှပင်ဖြစ်စေကာမူ ထူးဆန်းသောဗီဇမျိုးစိတ်ကိုပိုင်ဆိုင်ထားသော အိုမီဂါခပ်သေးသေးလေးက ဖုန်းထဲကနေ ရုပ်ရှင်ကို စိတ်ပါပါကြည့်နေသည်။ စားပွဲပေါ်၌ လွယ်အိတ်နှင့်စာအုပ်တွေမြင်ရပုံဟာ သူစာလုပ်ခဲ့မှန်းသိသာ၏။ ဒါ့ပြင် ယင်းစားပွဲပေါ်တွင် သရေစာမုန့်ခွံတွေ၊ဖျော်ရည်ဘူးခွံနှင့် ခေါက်ဆွဲဘူးကိုတောင်တွေ့နေရသေးသည်။

ထိုအမှိုက်တွေကို မရှင်းရသေးဘဲ၊ ၎င်းတို့ကိုအာရုံမစိုက်နေသော ရှင်းမ်ဂျိတ်ခ်က လက်ထဲမှာအာလူးကြော်ထုပ်ကိုကိုင်ထား၏။ပါးစပ်ထဲမှာ သရေစာတို့ကအပြည့်နေရာယူထား၍ မျက်လုံးအစုံဟာ  သိပ္ပံရုပ်ရှင်ကားက်ိုသာ အာရုံစိုက်နေခဲ့သည်။

အမှန်တော့ ဆောင်ဟွန်းအိမ်မှာ အလကားနေရတော့ သူ့ကိုယ်သူမကောင်းဘူးလို့ခံစားရတယ်။ဒါတွေကြောင့် ရှိတဲ့မုန့်ဖိုးနဲ့ တည်းခိုခဖြစ်ဖြစ်ပေးဖို့ ကြံရွယ်ထားဖူးသည်။ သို့သော် ယခုတွင်တော့ ဂျိတ်ခ်လုပ်ရပ်ကြောင့် လက်ထဲ၌ ပိုက်ဆံကငါးထောင်တန်တစ်ရွက်သာရှိတော့တယ်။

𝗡𝘂𝗺𝗯𝗲𝗿 𝟭 𝗙𝗮𝗻𝗯𝗼𝘆|SungJakeWhere stories live. Discover now