Chapter 40

1K 94 51
                                    





နှင်းဖွဲဖွဲကျဆင်းနေသော ဆောင်းရာသီအချိန်ဖြစ်၏။ နေရောင်ခြည်ကိုမြင်ရပေမယ့် ထင်သလောက်ပူအိုက်ခြင်း,မရှိပါ။

ဤရာသီဥတုကြောင့် ဂျိတ်ခ်က အနွေးထည်ခပ်ထူထူနှင့် အနွေးဦးထုတ်အနီရောင်လေးကို ဝတ်ဆင်ထားသည်။ ခန္ဓာကိုယ်သေးသေးလေးနှင့် ထိုခပ်ထူထူအဝတ်အစားတွေက ice bear ပေါက်စလေးကဲ့သို့။ အင်မတန်ချစ်ဖို့ကောင်းပြီး လုံးလုံးတုံးတုံး ဂျိတ်ခ်ပိစိက ချမ်းလို့ထင်ပါရဲ့ ချမ်းတုန်နေသယောင် လုပ်ပြတတ်သေးတယ်။

" ဟွန်း ဒီမှာကြည့် လက်ထဲမှာနှင်းတွေ "

ကလေးပေါက်စလေးလို အပြစ်ကင်းစင်လွန်းတဲ့ ဂျိတ်ခ်က သူ့လက်ဖဝါးလေးကိုအသာဖြန့်ပြ၍ နှင်းမှုန်တွေကိုပြသနေသည်။ ဆောင်ဟွန်းကလည်း သူ့ဂျယ်ယွန်းလေး ပျော်နေရင်ကို အမြဲသဘောတကျကျ။

အခုလည်း ဆောင်ဟွန်းက ဂျိတ်ခ်ကို ကြင်ကြင်နာနာကြည့်၍ ထိုလက်ဖဝါးလေးအား ဆုပ်ကိုင်လိုက်သည်။

" နှင်းတွေက ကိုယ့်ဂျယ်ယွန်းလေးနဲ့ယှဉ်ရင် ဘာမှအရေးမကြီးပါဘူး။ ကလေးလေး အခုဘယ်သွားချင်လဲ "

" အရမ်းချမ်းနေရင် ကိုယ့်ကိုပြော။ဒါမှမဟုတ်,ကားနဲ့ပဲ လျှောက်လည်ကြမလား "

" ဟင့်အင်း။ ကားနဲ့မလည်ချင်ဘူး ဒီလိုမျိုးပဲ သဘောကျတယ်။ ချမ်းရင် ဆောင်ဟွန်းဖက်ထားပေးလေ "

ဂျိတ်ခ်က ပြုံးရယ်၍ ဆောင်ဟွန်းကိုမော့ကြည့်သည်။ အတတ်လေး ဂျိတ်ခ်ပိစိကြောင့် ဆောင်ဟွန်းဟန်မဆောင်နိုင်အောင် ရယ်မိတော့၏။

ဒီနေ့က ပိတ်ရက်ဖြစ်တာမို့ လည်ပတ်သူတွေဟာ အရင်နေ့တွေကထက် ပိုပြီးများပြားလွန်းနေတယ်။ မြို့ထဲလည်ပတ်သူတွေကြောင့် ပတ်ဝန်းကျင်၌ လူတွေအများသား။ စုံတွဲတွေ သူငယ်ချင်းတွေ
စသဖြင့် မြို့လယ်ကောင်က ဆောင်းရာသီအထိတိုင်အောင် စည်ကားလျက်ရှိနေသည်။

မနက်ခင်းအချိန်ဖြစ်သော်ငှား True Alphaတို့ စုံတွဲကတော့ တစ်နေကုန်လည်ပတ်ဖို့ အစီအစဉ်ဆွဲထားကြတယ်။ မနက်ခင်းနှင့်နေ့လယ်ပိုင်းက ဂျိတ်ခ်စိတ်တိုင်းကျဖြစ်၍ ညချမ်းအချိန်ကတော့ ဆောင်ဟွန်းရဲ့စိတ်တိုင်းကျ,ဟုဆိုသည်။

𝗡𝘂𝗺𝗯𝗲𝗿 𝟭 𝗙𝗮𝗻𝗯𝗼𝘆|SungJakeWhere stories live. Discover now