Chapter 35: 𝙏𝙝𝙤𝙢𝙖𝙨'𝙨 𝙒𝙚𝙙𝙙𝙞𝙣𝙜

1.1K 139 76
                                    





ဘေးပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ကျ၍ ည့ဉ်အချိန်ရောက်ရှိနေပြီ။ မြို့ပြဖြစ်သည့်လျှောက် လူလုပ်လျှပ်စစ်မီးများဖြင့် ညဉ့်ဘက်မှာတောင် အဆင်ပြေပြေလှုပ်ရှားသွားလာနေကြသည်။

သို့သော် မိုးရာသီက ယခုထိတိုင်မပြီးဆုံးသေးတာကြောင့် ပြင်ပ၌မိုးသံလေသံကိုကြားရ၏။ အမှောင်ကျနေသည့် အိပ်ခန်းတွင်တော့ စုံတွဲတစ်တွဲက ကုတင်ကျယ်ကြီးပေါ်မှာ အတူအိပ်လျက်ရှိသည်။ အချင်းချင်းဖက်ထားကြကာ အလွန်ချစ်ပုံပေါ်တယ်။

စင်စစ်လည်း ဤစုံတွဲက တစ်ဦးကိုတစ်ဦး သိပ်ချစ်ကြသည်ကိုး။ ဒါပေမဲ့ ဂျိတ်ခ်က ရုတ်တရက်အဖက်မခံတော့ဘဲ ဆောင်ဟွန်းကိုတွန်းလိုက်၍ စောင်ကိုလည်းကန်ပစ်လိုက်သည်။

" ဆောင်ဟွန်း "

" ပြောလေ ကလေးလေးက ပူလို့လား "

ဂျိတ်ခ်ပိစိလေး စောင်ကိုကန်ထုတ်ပစ်တာနဲ့ပတ်သတ်ပြီး ပူအိုက်နေတယ်လို့ ဆောင်ဟွန်းထင်နေပုံပဲ။ ထို့ကြောင့် သူက ဂျိတ်ခ်၏နောက်ထပ်စကားသံကို စောင့်စားနေသည်။

" မဟုတ်ဘူး။ မင်းငါ့ကို ဒီခြောက်နှစ်လုံး သတိမရခဲ့ဘူးလား​။ နေနိုင်တယ်နော် မင်း "

" သတိမရတာက ကိုယ်အတိတ်မေ့နေလို့လေ။ ဒါပေမဲ့ ကိုယ့်နှလုံးသားမှာ ကလေးလေးက အမြဲတမ်းရှိပါတယ် "

" တော်ပါ။ လျှောက်ပြောနေပြန်ပြီ။ ငါ့ကိုသတိမရတုန်းက အိုမီဂါတွေနဲ့ ပျော်ပါးနေခဲ့ပြီး ငါ့ကျ ဘယ်ရည်းစားမှမထားခဲ့ရဘူး "

ဆောင်ဟွန်းအား ဒေါသထွက်ဟန်ဖြင့် လူကိုပါတွန်းချချင်နေသည့် အသေးလေးပါ။ ထို့ပြင် နှုတ်ခမ်းလေးဆူထော်ကာ

" သွား။ အဲ့ရည်းစားဟောင်းတွေနဲ့ပဲ သွားအိပ် မလာခဲ့နဲ့ "

" ဟေး ဂျယ်ယွန်းလေး။ ကိုယ်ရှင်းပြပါ့မယ် အဲ့တုန်းက ကိုယ်တကယ်အတိတ်မေ့တာ။ မလိမ်ရပါဘူး အတည် "

" အဲ့တာနဲ့ပဲ ငါမင်းကို အတိတ်မေ့လို့ပါဆိုပြီး ခွင့်လွှတ်ပေးရမှာလား။ ဆောရီးပဲ ဟေ့ရောင် "

" သွား အပြင်မှာသွားအိပ် မလာခဲ့နဲ့ "

​ဂျိတ်ခ်ပိစိလေးက ချက်ချင်းဆိုသလို လှဲအိပ်နေရာမှ ထထိုင်၍ ညအိပ်မီးကိုဖွင့်လိုက်သည်။ ယင်းနောက် ဆောင်ဟွန်းကိုအပြင်တွန်းထုတ်ကာ ခေါင်းအုံးကိုပါ ယူသွားခိုင်းသေးသည်။ ကြမ်းပြင်ပေါ်ကျနေသော စောင်ကိုလည်း မယူပြီး

𝗡𝘂𝗺𝗯𝗲𝗿 𝟭 𝗙𝗮𝗻𝗯𝗼𝘆|SungJakeWhere stories live. Discover now