Chapter 28

955 113 70
                                    





စူးရှတောက်ပသည့် ဤနေရောင်ခြည်တို့က အခန်းထဲထိ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ဒါပေမဲ့ တစ်ခုတည်းသော အိပ်ခန်းအတွင်း၌တော့ အနက်ရောင်လိုက်ကာများကြောင့် နေရောင်ခြည်တွေက်ို ကာကွယ်နိုင်တယ်။

မည်သို့ပင်ဖြစ်စေကာမူ ညအိပ်မီးစားပွဲပေါ်က နိုးစက်အသံကျယ်ကြီးက အချိန်မှန် ဆူညံစပြုလာပြီ။ ကျယ်လွန်းသည့် နိုးစက်သံက ဂျိတ်ခ်ကို မနိုး၊နိုးအောင် အတင်းနိုးနေသလိုပဲမို့ မျက်နှာလေးရှုံ့မဲ့၍ အသံကိုအမြန်ပိတ်လိုက်ရသည်။

နိုးစက်သံကျယ်လောင်လွန်းပုံက နားအူမတက်ပါပဲ။ ဒီလိုမှ မပေးထားရင်လည်း ဂျိတ်ခ်က ရုံးချိန်နောက်ကျတဲ့အထိ အိပ်နေဦးမှာ။ ယခုတော့ မထချင်လည်း မဖြစ်တော့တဲ့အခြေအနေမှာ စောင်အပုံလိုက်ခြုံထားရာမှ ကုန်းရုံး၍ အိပ်ရာထမိသည်။

မနက်၇:၃၀အချိန်က ပုံမှန်အချိန်လေးဖြစ်သည်။ ဒါပေမဲ့ ဂျိတ်ခ်ပိစိလေးက အိပ်ချင်မူးတူးဖြစ်နေလျက် တွန့်ကြေနေသော ညအိပ်ဝတ်စုံအနက်ရောင်နှင့် ထမင်းစားပွဲမှာထိုင်နေတယ်။ မနက်စာ ထမင်းဟင်းတွေကို ငေးကြည့်နေရင်း ဂျိတ်ခ်က ဗိုက်မဆာသေးပုံပေါ်သည်။

ထိုစဉ် အိမ်ဝန်ထမ်းအဒေါ်ကြီးက သူ့ကိုကြည့်၍ စိုးရိမ်ပူပန်ဟန်ဖြင့်ပြောလာတယ်။

" သခင်ကြီးကို စောင့်နေတာလား။ သူ ဒီမနက်အလုပ်ကိစ္စရှိတယ်ဆိုပြီး စောစောအပြင်ထွက်သွားတယ် "

" အာ..အဲ့လိုကိုး "

မသိမသာ သက်ပြင်းချလိုက်၍ လက်ထဲကဇွန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်။ တကယ်ဆို ဆောင်ဟွန်းနဲ့သူက လက်ထပ်ထားပေမယ့် တကယ်ချစ်တာမှမဟုတ်ဘဲ။ သူတို့လက်ထပ်ထားခြင်းက အတုယောင်သက်သက်ပဲလေ။ ဒါကိုတောင်မှ အသိဉာဏ်မဲ့နေတဲ့ သူကသာ တကယ်အရှုံးသမား။

ကိုယ့်ကိုကိုယ်လည်း လူတစ်ယောက်ရှေ့မှာ အောက်ကျနောက်ကျခံရလိမ့်မယ်ထင်မထားပေမယ့် မချစ်သင့်တဲ့လူကိုချစ်မိတော့ လွတ်မြောက်ဖို့လမ်းမရှိတော့ပါ။

" သခင်လေးရှင်းမ် မနက်စာက အရသာမတွေ့ဘူးလား။ ကျွန်မပြန်ပြင်ပေးပါ့မယ် "

𝗡𝘂𝗺𝗯𝗲𝗿 𝟭 𝗙𝗮𝗻𝗯𝗼𝘆|SungJakeWhere stories live. Discover now