Chapter 10

886 124 91
                                    




သူ့(ဂျိတ်ခ်)အထင် ဆောင်ဟွန်းတို့အိမ်ကနေ ပြန်ပြန်လာချင်းညမှာ ရှယ်အဆူခံရတော့မယ်ထင်နေတာ၊ ဒါပေမဲ့ အစ်ကိုကြီးက ဘာမှမပြောခဲ့။ အေးဆေးလေး အနားယူစေချင်ပုံပေါ်တာမို့ ဂျိတ်ခ်လည်း  ဘာမှမပြောဘဲ တိတ်တိတ်လေးငြိမ်နေလိုက်၏။

ဒါကြောင့် ဒီနေ့ကျောင်းဖွင့်ရက်လည်း မနေ့ကအတိုင်းပဲဖြစ်မည်ဟု တစ်သတ်မှတ်တည်းတွေးပစ်လိုက်သည်။ သို့ပေမယ့် ဒီနေ့တော့ မနေ့ညနှင့် အခြေအနေအများကြီးကွာခြားသွားမှန်းသိလိုက်ရတယ်။

တက္ကသိုလ်က,ကျောင်းခရီးစဉ်နဲ့ ပြန်လာတဲ့ အစ်ကိုစတီဗင်ရယ်၊ အစ်ကိုကြီးတို့က အိမ်အောက်ထပ်က ဧည့်ခန်းမှာ သူ့ကိုစောင့်နေကြသည်။ သူတို့မျက်လုံးတွေမှာ ဘာစာသားမျှမရေးထားပေမယ့် သူ့ကိုယ်သူတော့ အိမ်ကနေထွက်ပြေးတဲ့အဖြစ်ကြောင့် ရှယ်ပြောခံရတော့မှာကို ဂျိတ်ခ်သေချာလေးသိတယ်။

ဒီနေ့ဟာ တနင်္လာနေ့မို့ ကျောင်းတက်ရန်အလို့ငှာ ကျောင်းဝတ်စုံကိုဝတ်ထားသော်လည်း ကျောင်းမသွားဖြစ်တာ သူပဲထင်ပါရဲ့။

" ဒီနေ့ကျောင်းမသွားနဲ့တော့ ဂျယ်ယွန်း "

" ဘာလို့လဲ "

" လွန်ခဲ့တဲ့နှစ်ရက်တုန်းက မင်းကိုယ်မင်းဘာလုပ်မှန်းတော့သိတယ်မလား "

သောမက်စ်က အခုမှသူ့၏ထိန်းချုပ်ထားတဲ့ ဒေါသတွေဟာ လက်ဆောင်ထုပ်လိုပြေကျသွားသလို ဆိုဖာမှာထိုင်နေသော ဂျိတ်ခ်က စူးစိုက်ကြည့်သည်။ ယင်းနောက် သူကပဲ စကားဆက်ပြန်တယ်။

" ငါဆူလိုက်လို့ အိမ်ထွက်ပြေးသွားရလား။ မင်းသူငယ်ချင်းတို့အိမ်မှာရောက်နေလို့ ကံကောင်းတာပေါ့။ နို့မို့ဆို ငါတော့ မိုးမီးတောက်တော့မှာ "

" ဒါတော့ ဟုတ်တယ် ဂျယ်ယွန်း။ အိမ်ကနေထွက်ပြေးမျိုးတော့ထပ်မလုပ်ပါနဲ့ ဟျောင်းတို့ တကယ်တောင်းပန်ပါတယ်။ တော်သေးတယ် ဒီလိုဖြစ်တာ မာမီတို့မရှိသေးလို့ "

အစ်ကိုလတ်၏စကားတို့က စိတ်သက်သာရာရပေမယ့် ဒါကလည်း သူကံကောင်းသွားတာဖြစ်ပါလိမ့်မည်။ အခုထိ မာမီတို့လည်းပြန်မရောက်သေးတာမို့ ၆၀%တော့ပြဿနာလျော့သွားတယ်​။ မာမီက မိခင်ပီပီ ပူပင်သောကတွေနဲ့စိုးရိမ်နေမှာ ဂျိတ်ခ်သိသည်။ အခုကိစ္စမှာ သူမှားတာမို့ ဘာဆိုဘာမှမပြောဘဲ ငြိမ်ငြိမ်လေးထိုင်၍ နှုတ်ဆိတ်နေမိ၏။

𝗡𝘂𝗺𝗯𝗲𝗿 𝟭 𝗙𝗮𝗻𝗯𝗼𝘆|SungJakeWhere stories live. Discover now