𝙴𝚡𝚝𝚛𝚊❤︎︎

1.5K 104 70
                                    


[ Note : Omegaverseရဲ့ Family life မို့လို့ Mpreg ပါဝင်မှာပါ။ Mpregကို သဘောမကျတဲ့လူတွေရှိရင်မဖတ်ပါနဲ့နော်။ ပေါက်စလေးပါလာမှာမို့ ]

ကြီးကျယ်သောဇိမ်ခံအိမ်ကြီးနှင့်အတူ ခြံအကျယ်ကြီးက လူချမ်းသာတွေရဲ့နေထိုင်ရာဖြစ်သည်။ မြို့တော်နှင့် ခပ်လှမ်းလှမ်းမဟုတ်ပေမယ့် ဤနေရာသာ တစ်သီးတသန့်ဆန်တယ်။

သို့ပေမယ့် အမျိုးသားလေးတစ်ယောက်ကတော့ ညနေခင်းမှာ ခွေးနှစ်ကောင်နှင့်အတူ ခြံထဲလမ်းထွက်လျှောက်နေသည်။ မိုးရာသီသို့ တဖန်ပြန်ရောက်ရှိလာပေမယ့် ဒီနေ့က နေသာ၍ ရာသီဥတုအဆင်ပြေတာမို့ အကြံရသွားပုံပဲ။

ဂျိတ်ခ်သေးသေးလေးက အရင်အတိုင်းမပြောင်းမလဲ၊ သူကြိုက်တဲ့ ဟူဒီခပ်ပါးပါးလေးကိုဝတ်ထားကာ သက်သောင့်သက်သာရှိနေတယ်။

" လေလာ မပြေးပါနဲ့ဆို "

လှစ်ခနဲ ပြေးထွက်သွားသော ခပ်ထွားထွား အချစ်တော်ခွေးလေးကိုကြည့်၍ သဘောမကျဖြစ်နေသည်။ ဒါပေမဲ့လည်း ဂျိတ်ခ် မထိန်းနိုင်ဖြစ်နေစဉ်မှာ အဖြူကောင်လေး ဂါအူလ်ကလည်း ခုန်ပေါက်ပြေးသွားတာ တန်းနေရော။ နဂိုကတည်း လည်ပတ်ကြိုးနှင့်မထိန်းခဲ့တာမို့ ဒီတိုင်းလွတ်ထားလိုက်ရသည်။

ခြံအကျယ်ကြီးမို့ ကိစ္စမရှိ၊ နေရာအတော်များများကလည်း အစိမ်းရောင်မြက်ခင်းပြင်တွေ များပြားနေကာ ကိုယ်ပိုင်ပန်းခြံတစ်ခုတောင် လုပ်လို့ရနေပြီ။ ယခုတွင်တော့ ဂျိတ်ခ်တစ်ယောက်တည်း အေးဆေးလေးလမ်းလျှောက်နေသည်။

လေကောင်းလေသန့်နှင့် သဘာဝတရားတစ်ချို့ကိုခံစားရတာမို့ သူသဘောကျတယ်။ ထိုစဉ်မှာပင် ခြံရှေ့ကနေ ကားတစ်စီးဝင်လာခဲ့တာကိုမြင်လိုက်ရသည်။ အနက်ရောင်ဇိမ်ခံကား၏ နံပါတ်ပြားကိုမြင်တော့ တစ်စုံတစ်ခုကို သတိရသွားဟန် မျက်နှာချောချောလေး၌အပြုံးရိပ်သန်းလာတယ်။

လျှင်မြန်စွာ မောင်းနှင်လာပုံရတဲ့ ထိုဇိမ်ခံကားက ဂျိတ်ခ်ဘေးနားက ကားလမ်းမပေါ်တွင်ရပ်တန့်လိုက်သည်။ စံအိမ်နှင့်ခြံကြီးကလည်းကျယ်ဝန်းတာမို့ ခြံထဲထိ ကားလမ်းမကိုလည်း တည်ဆောက်ရသေးသည်လေ။ တကယ့်ကို ဟိတ်ဟန်များတဲ့ မိသားစုနှင့်တောင် ဆင်တူသေးသည်။

𝗡𝘂𝗺𝗯𝗲𝗿 𝟭 𝗙𝗮𝗻𝗯𝗼𝘆|SungJakeWhere stories live. Discover now