UNI....
အချိန်တမ်းရင် စီးပွားရေးပဲ လုပ်မည့်ကျွန်တော်အတွက် အနုပညာတက္ကသိုလ်က အပျင်းပြေဖြစ်နေသည်။အတန်းထဲ စာလိုက်မလုပ်ဘဲ ပေါ့ပျက်ပျက်နေလာခဲ့သမျှ လူရွေးပွဲလာဖြေမှာ ဒုက္ခရောက်တော့သည်။ကျွန်တော် မသိဘူး။အနုပညာရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊စိတ်ခံစားမှု
တွေ၊အသက်သွင်းပုံတွေကို။ဒါပေမယ့် ဒီဇာတ်ကားရိုက်ကူးမှုမှာ မင်းသားတစ်လက်အနေနဲ့ ပါဝင်ချင်သည်။ ဒုံဟျော့ခ်ရဲ့တွဲဖက်မင်းသားဖြစ်ချင်သည့်စိတ်နှင့် အကောင်းဆုံးသရုပ်ဆောင် ခဲ့ပေမယ့် သူတို့က ကျွန်တော့်ရုပ်ရည်ပဲ ဆက်တိုက်ချီးကျူးနေသည်။စိတ်ပျက်စရာပဲ။ဒုံဟျော့ခ်သာ ဒီအကြောင်းတွေ သိရင် ကျွန်တော်ကို အရည်အချင်းမပြည့်ဝတဲ့သူဆိုပြီး လှောင်နေတော့မှာပဲ။«မင်းမှာ အရည်အချင်း မရှိဘဲ ဘာလို့ ဝင်ပြိုင်တာလဲ »
ထောင့်ဆုံးက ဒိုင်လူကြီးတစ်ယောက်ရဲ့စကားကို တွေးဝေခြင်းမရှိဘဲ ပြန်ဖြေဖြစ်သည်။
«ဒုံဟျော့ခ်..အီဒုံဟျော့ခ်ကြောင့်ပါ»
ကျွန်တော့်နှုတ်မှာ ထွက်ကျလာသည့်နာမည်နာမကို သူတို့တွေက ရေရွတ်လျက် စဉ်းစားနေသည်။ထိုနာမည်လေးပိုင်ရှင်လေးက ဒီအခန်းထဲကို မရောက်သေး၍ သူတို့နှင့် ထိုနာမည်ပိုင်ရှင် ရင်းနှီးအောင် မိတ်ဆက်ပေးလိုက်သည်။
«သူက *ဟယ်ချန်း*ဇာတ်ကောင်မှာ လူရွေးပွဲလာဖြေမဲ့ကောင်လေးတစ်ယောက်။သူက အရည်အချင်းရှိပြီး ထက်မြက်တဲ့သူ။သေချာတယ်။အဲ့ဇာတ်ကောင်မှာ သူ သရုပ်ဆောင်နိူင်မှာ။ဒါပေမယ့် သူအတွက် တွဲဖက်မင်းသားကို လူကြီးမင်းတို့ ရွေးပေးနိူင်မှာ မဟုတ်ဘူး။ဘာလို့ဆို ကျွန်တော်က သူနဲ့အလိုက်ဖက်ဆုံးသူဖြစ်နေလို့»
ကျွန်တော့်စကားအဆုံးမှာ ပြုံးယောင်သန်းသွားတဲ့ဒိုင်လူကြီးတွေက ကျွန်တော့်စကားကို လှောင်နေသလိုခံစားရသည်။
«အကယ်၍များ မင်းပြောတဲ့ကလေး ရွေးချယ်မခံရရင် ရော»
«ဒါဆို ကျွန်တော်လည်း ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်စရာအကြောင်းမရှိဘူး»
YOU ARE READING
WED DRAMA
Fanfictionမောင့်အချစ်က မင်းကို စိတ်ချမ်းသားဖို့၊ပျော်စေဖို့ပဲ ဖြစ်စေရမည်။မောင့်ရင်ခွင်က မင်းတစ်ယောက်တည်းအတွက် နားခိုရာ ဖြစ်ပြီး မောင်ရဲ့အချစ်တွေအကုန်လုံးကလည်း မင်းအတွက်ပဲ ဟျော့ခ်။ Markhyuck _ 4🍎 ×11 Complete (7)🍁