FOURTEEN

384 50 0
                                    

UNI...

ကျွန်တော်ရဲ့  စိတ်ထဲရှိတာ မှန်သမျှ ပြောပြလို့ရတယ် ဟူသော စကားကြောင့်ထင်၊သူက ဒီနေ့တစ်နေ့ကုန် ကျွန်တော်အနား တကျီကျီနှင့် ပေါက်ပေါက်ဖောက်နေသည်။စကားပြောနေရင်း ဆူထွက်လာသည့်နှုတ်ခမ်းလေးတွေက ကျွန်တော်ကို သမာဓိ စမ်းနေသည်။သူ ကျွန်တော်ကို *မင်းစိတ်ထဲ ရှိတာ မှန်သမျှ လုပ်ပစ်လို့ ရတယ်*ဟု မပြောမိတာ   ကံကောင်းသည်။မဟုတ်ရင် သူ ကျွန်တော် ဖျစ်ညစ်ပြီး အသားယူတာနဲ့ ရစရာရှိတော့မှာ မဟုတ်ဘူး။

«မင်းသိလား..ငါ အကြွေးကြောင့်နဲ့ စိတ်ညစ်နေတဲ့အချိန်မှာ မင်းကလေ..*ပိုက်ဆံ ဘယ်လောက်လို လို့လဲ*ဆိုပြီး လာမေးတာ။အဲ့တုန်းက ငါ ဒေါသတွေ ထွက်ပြီး မင်းမျက်နှာကို ဆွဲထိုးချင်တာ အရမ်းပဲ »

ဒုံဟျော့ခ်က ခြေဟန်၊လက်ဟန်အပြည့်နှင့် ကျွန်တော်ကို သူ့စိတ်ထဲရှိတာ မှန်သမျှ တစ်ခုမကျန်ပြောပြနေသည်။ကျွန်တော်က ကော်ဖီသောက်ရင်း သူပြောသမျှကို ပြုံး၍ နားထောင်နေရင်းမှ သူကို မေးခွန်း ပြန်ထုတ်လိုက်သည်။

«ဒါဆို ဘာလို့  ဆွဲမထိုးခဲ့တာ‌လဲ»

«အရူးကောင် ! အဖြေသိလျက်နဲ့ လာမေးနေတယ်»

«မောင်က ကြားချင်လို့ကို »

သူ အတော်နှင့်ပြန်မဖြေလာတော့ ကျွန်တော်မျက်နှာကို အတတ်နိုင်ဆုံး ငယ်ပစ်လိုက်တယ်။ကျွန်တော် အဲ့လိုပုံလေးဖြစ်နေရင် သူ မနေတတ်ဘူးလေ။ချက်ချင်း လိုက်လျောပေးမှာ သေချာတယ်။

«ချစ်လို့..ငါ မင်းကို သိပ်ချစ်လို့ မင်းမျက်နှာကို ဒဏ်ရာရအောင် မလုပ်ရက်ဘူး »

«လာပါဦး။မောင့်ရင်ခွင်ထဲကို »

ကျွန်တော် ကျေနပ်စွာ ရယ်၍ လက်ထဲမှာ ကော်ဖီဗူးကို ဘေးမှာ ချကာ သူ့ပုခုံးကို လှမ်းဖက်၍ ရင်ခွင်ထည့်လိုက်တယ်။သူက ကျွန်တော့်ပုခုံးပေါ် ခေါင်းတင်ပြီး မြင်နေရသည့်ကောင်ကင်းပြာကို ကြည့်နေသည်။ကျောင်းခေါင်းမိုထပ်မှာ သူနှင့်ကျွန်တော့်နှစ်ယောက်တည်းဖြစ်သလို အသံတွေကလည်း တိတ်ဆိတ်နေသည်။ကြားနေရသည့် ရင်ခုန်သံတွေက သူဆီကလား၊ကျွန်တော်ဆီကလား ခွဲခြား၍ မရနိုင်အောင် ကျယ်လောင်နေသည်။

WED DRAMA Where stories live. Discover now