UNI...
ကျွန်တော်တို့ ဇာတ်လမ်းတွဲ စတင်ပြသသည့်နှင့် သူက နာမည်ကြီးလေး ဖြစ်လာသည်။လူအများကြီးဆီက သူ အချစ်ခံရလေ၊ကျွန်တော်က ဂုဏ်ယူလေပင်။အူတိုမှုတွေ ရှိသော်ငြား သူရဲ့ကျော်မြင်မှုကို ဂုဏ်ယူမဆုံးဖြစ်ရသည်။Event,Show တွေ အဆက်မပြတ် ဖိတ်ကြားခြင်း ခံရ၍ သူက ပျော်မဆုံးဖြစ်နေသည်။သူနဲ့ကျွန်တော်အတွက် ကိုယ်ပိုင်အချိန်ပင် မရှိလောက်အောင်ပင် ပွဲတတ်ရက်တွေ ဆက်နေသည်။နာမည်ကြီးသရုပ်ဆောင်တွေမဟုတ်၍ ထွေထွေထူးထူး မန်နေဂျာမရှိခြင်းက သူနဲ့ကျွန်တော်ကို ပိုပင်ပန်းစေ၏။မေမေကတော့ ပြောရှာပါတယ်။မန်နေဂျာ ငှားပေးမယ်တဲ့လေ။သို့သော် ကျွန်တော်က လက်မခံဘဲ ငြင်းပယ်ခဲ့သည်။ပင်ပန်းနေလည်း သူနဲ့အတူတူ တစ်နေ့တာကို ဖြတ်သန်းခွင့်ရ၍ ပျော်ရွှင်ပါ၏။
ပွဲတွေမှာ အမေးများသော မေးခွန်းမှာ
*သူနဲ့ ကျွန်တော် တကယ်တွဲနေကြတာလား *ဆိုတာပင်။ဒီနေ့လည်း ထိုမေးခွန်းက သေချာပေါက်ပါမှာဖြစ်သည်။လူ သိပ်မများသည့် ခန်းမထဲတွင် သူနဲ့ကျွန်တော်က စင်ပေါ်ထက်မှာ နေရာယူ၍ ဘေးချင်းကပ်ထိုင်နေသည်။MC အစ်မကတော့ ကျွန်တော်တို့နှစ်ယောက်နှင့် မျက်နှာချင်းဆိုင် ထိုင်နေသည်။စင်အောက်မှာ ပရိတ်သတ်တွေကတော့ သူ လှုပ်ရှားမှုလေး သေးသေးလေးလုပ်တာက အစ အော်ဟစ်နေကြသည်။သူကို ကျွန်တော် တစ်စက္ကန့်ထက် ကြာအောင်ကြည့်မိရင်လည်း ထအော်တတ်ကြ၏။«မင်ဟျောင်းရှီး ဒီဘက်မှာ ကင်မရာပါ »
ဒီနေ့ MCအစ်မရဲ့ ပွင့်လင်းမှုကတော့ တကယ့်အံ့မခန်းပါပဲ။သူကို မျက်တောင်မခတ်ကြည့်နေသည့်ကျွန်တော်ကို တစ်ကွက်ပြသွားသည်။
«ကဲ..ဒီနေ့တော့ အားလုံးပဲ သိကြတဲ့အတိုင်း *Your Love*ဆိုတဲ့ Web drama မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အီမင်ဟျောင်းနဲ့အီဒုံဟျော့ခ်ကို မေးခွန်းလေးတွေ မေးမြန်းသွားမှာ ဖြစ်ပါတယ်!!!!!»
MC အစ်မရဲ့ တတ်ကြွတဲ့အော်ဟစ်သံအဆုံးမှာ စင်အောက်ကပရိတ်သတ်တွေရဲ့ လက်ခုပ်သီးသံက ဆူလောင်စွာ ထွက်ပျော်လာသည်။သူကတော့ ထိုအရာကို သဘောကျသည့်ထင်၊အားလုံးနှင့်အတူ လက်ခုပ်လိုက်တီးနေသည်။
YOU ARE READING
WED DRAMA
Fanfictionမောင့်အချစ်က မင်းကို စိတ်ချမ်းသားဖို့၊ပျော်စေဖို့ပဲ ဖြစ်စေရမည်။မောင့်ရင်ခွင်က မင်းတစ်ယောက်တည်းအတွက် နားခိုရာ ဖြစ်ပြီး မောင်ရဲ့အချစ်တွေအကုန်လုံးကလည်း မင်းအတွက်ပဲ ဟျော့ခ်။ Markhyuck _ 4🍎 ×11 Complete (7)🍁