EIGHT

439 62 9
                                    

UNI....

ညနေမှ ရိုက်ကူရေးစတင်မှဖြစ်တာကြောင့် ကျွန်တော် ကျောင်းသို့ရောက်လာခဲ့သည်။လေးကန်နေသည့်ခြေလှမ်းတွေ တစ်နေရာအရောက်မှာ တိခနဲ့ ရပ်တန့်သွားသည်။ဒုံဟျော့ခ်က လက်ထဲအရုပ်တွေ၊စားစရာတွေအပြည့်နှင့် သူ့အရှေ့မှာ လူအုပ်ကြီးကိုပြုံးပြနေတာကြောင့်ဖြစ်၏။ထိုမြင်ကွင်းက ကျွန်တော့်ရင်အစုံကို အရှိုန်ပြင်းပြင်းနှင့် ဆောင့်ကန်လိုက်သလိုပဲ။

ဇာတ်ကားရိုက်ကူးဆဲကာလမှာကတည်းက
ဒုံဟျော့ခ်က အချစ်ခံနေရပြီ။နောက်ဆို ကျွန်တော် မတွေးရဲတော့ဘူး။

«လာ...ငါနဲ့လိုက်ခဲ့»

တဖြည်းဖြည်း လူတွေလျော့ပါးသွားမှ ဒုံဟျော့ခ်လက်ဖဝါးလေးကို ဆုပ်ကိုင်လျက် ကျောင်းဝန်းအတွင်းမှ ထွက်လာခဲ့သည်။သူကတော့ ထုံးစံအတိုင်း ရုန်းကန်းနေသည်။ထိုရုန်းကန်းမှုကြောင့်ပဲ သူ့လက်ထဲမှာ အရုပ်တွေ၊စားစရာနှင့်ပန်းစည်းတွေကလည်း တစ်လမ်းလုံး ပြုတ်ကျကျန်ခဲ့သည်။

«လွှတ်! မင်ဟျောင်း! »

နောက်ဆုံးမှာ သူ့လက်ထဲပစ္စည်းတွေ ဘာတစ်ခုမှ
မရှိတော့။

«ငြိမ်ငြိမ်နေ။ ငါ ဒေါသထွက်နေတယ်»

«အဲ့ဒါတွေ ငါမင်းကို မကြိုက်တာ! အမြဲ ငါကိုလာနှောက်ယှက်တယ်! အမိန့်တွေ လာပေးတယ်!ပြီးရင် ပြွတ်စ်»

ကျွန်တော်ဆုပ်ကိုင်ထားတဲ့သူ့လက်ဖဝါးကို ဆောင့်ဆွဲလိုက်လေတော့ သူ့ကိုယ်လုံးလေးက ကျွန်တော့်ရင်ခွင်ထဲ အလိုက်အတင့် ပါလာသည်။ထိုအခါမှ သူ့ပါးပြင်လေးကို ကျန်လက်တစ်ဖက်ဖြင့် အုပ်ကိုင်ကာ အနမ်းခြွေလိုက်သည်။စက္ကန့်ပိုင်းလောက် နှုတ်ခမ်းလွှာနှစ်ခုကို ထိကပ်ပြီးမှ သူ့မျက်နှာလေးကိုကြည့်‌လိုက်လေတော့ ကျွန်တော့်မျက်ဝန်းတွေကို  ငေးကြည့်နေတဲ့သူနှင့် အကြည့်ချင်းဆုံသွားသည်။

«မကြိုက်လက်စနဲ့ မုန်းလိုက်တော့»

အစောနက အံ့ဩမှုတွေနှင့် ကျွန်တော့်မျက်ဝန်းတွေကိုငေးကြည့်နေတဲ့သူက ရုတ်ချင်း ဒေါသတွေထွက်သွားသည်။ကျွန်တော့်မျက်နှာကို ခပ်စိမ်းစိမ်းကြည့်လျက် စကားကို တစ်လုံးချင်း ပြောလာသည်။

WED DRAMA Where stories live. Discover now