ELEVEN

443 59 0
                                    

UNI...

ဒီနေ့ ရိုက်ကူးရေး နောက်ဆုံးရက်ဖြစ်၍ ကျွန်တော့်စိတ် ခံစားချက်က နည်းနည်းမှ အဆင်မပြေပါ။အမှားမှားအယွင်းယွင်းနှင့် နောက်ဆုံးအပိုင်းကို ထပ်ခါတလဲလဲရိုက်ကူးနေရသည်။သူကတော့ ကျွန်တော်ကို စိတ်ပျက်မှုတွေ၊စိတ်ရှုပ်မှုတွေနှင့် ခဏ ခဏ ကြည့်လာသည်။ဘယ်လိုလုပ်ရမလဲ။ကျွန်တော် သူနဲ့မခွဲချင်သေးဘူး။ဒီအချိန်လေးပဲ။သူနဲ့ နီးနီးကပ်ကပ်နေခွင့်ရှိတာ။ကျောင်းမှာဆို သူက သူ့သူငယ်ချင်းတွေအနားမှာပဲ နေပြီး ကျွန်တော်ကို သူ့အနားကပ်ခွင့်ပေးတာ မဟုတ်ဘူး။

«မင်ဟျောင်း~»

ထပ်ခါတလဲလဲမှားနေသည့်ကျွန်တော်ကို ဒါရိုက်တာက စိတ်ငြိမ်အောင် နားနေခန်းထဲ ခဏ နားခိုင်းသည့်အချိန်မှာ သူက ရောက်ချလာသည်။
သူ့ခေါ်သံလေးက သေးသေးလေးနှင့် ညင်ညင်သာသာလေးပင်။

«ရိုက်ကူးရေးကို မြန်မြန် အဆုံးသတ်ပေးလို့ မရဘူးလား။ငါ သွားစရာ‌ရှိလို့»

အဲ့ဒါကြောင့် သူ့အသံက တိုးညှင်းပြီး ညင်သာနေတာကို။အံ့ဩစရာကောင်းလွန်းတယ်။သူ ဘယ်တုန်းကမှ ကျွန်တော်အပေါ် အခုလို မချိုသာခဲ့ဖူးဘူး။သူက ငြိမ်နေတဲ့ကျွန်တော်ကို ကြည့်၍ ထပ်ပြောလာသည်။

«ဟင်...မရဘူးလား»

သူက အဲ့လိုမျိုးလေး မျက်နှာကို ချစ်စရာကောင်းအောင် လုပ်တတ်တာလား။ကျွန်တော့်နှလုံးသားတွေ အရည်ပျော်နေပြီ။သူရဲ့တောင်းဆိုမှုကိုလည်း အမိန့်တစ်ခုလိုမျိုး။ချက်ချင်း လိုက်နာချင်လာသည်။

«ဒီတစ်ကြိမ် ငါ အကောင်းဆုံး သရုပ်ဆောင်မှာမလို့။မင်း ဘာမှ စိတ်မပူနဲ့။မင်း သွားချင်တဲ့နေရာကို အချိန်မှီရောက်မှာပါ»

သူက နှစ်နှစ်ခြိုက်ခြိုက်ပြုံး၍ ကျွန်တော်ကို ကျေးဇူးတင်စကားဆိုလာသည်။

«ဒါ ပထမဆုံးအကြိမ်ပဲ»

သူက  နားမလည်ပေါင်းများစွာဖြင့် ကျွန်တော်ကို ကြည့်လာသည်။

«ဟမ်»

«မင်း ငါကို စိတ်ပါလက်ပါ ပြုံးပြတာ»

WED DRAMA Where stories live. Discover now