UNI....*မကြိုက်လက်စနဲ့ မုန်းလိုက်တော့*ဆိုသည့် ကျွန်တော့်စကားကို ပြန်ရုပ်သိမ်းချင်သည်။အဲ့နေ့က ကျွန်တော် ဘယ်လိုစိတ်နဲ့များ ပြောမိသွားသလဲ စဉ်းစား၍ မရ။ကျွန်တော်ကို မကြိုက်ကြောင်းတွေပဲ ပြောရင်း ဒေါသထွက်နေတဲ့သူ့မျက်နှာလေးကြောင့် စိတ်မထိန်းချုပ်နိူင်စွာ ကျွန်တော်ကိုယ့် ကျွန်တော် မသိလိုက်ခင်မှ သူ့နှုတ်ခမ်းထက် ကျွန်တော့်နှုတ်ခမ်းက နေရာယူနှင့်သွားပြီ။သူမကြိုက်တဲ့လုပ်ရက်ကို လုပ်မိသွား၍ သူ ကျွန်တော်ကို ဒေါသထွက်ပြီး ရွံ့မုန်းနေလောက်မှာဆိုသည့် အတွေးက ကျွန်တော့်ခေါင်းထဲ နေရာအပြည့်ယူသွားသည့်အချိန်မှာ ကျွန်တော်နှုတ်မှာ ထွက်ကျလာသည့်ထိုစကားက ကျွန်တော်ကို နောင်တရစေသည်။
သူသာ တကယ်ကြီး ကျွန်တော်ကို မုန်းသွားလျှင် ဘယ်လိုလုပ်မလဲ။သူရဲ့ဒေါသထွက်နေတဲ့မျက်နှာလေး မြင်ရုံနှင့် ကျွန်တော့်ရင်တွေ နာရသည်။တကယ်ကြီး သူ ကျွန်တော်ကို စကားကြမ်းတွေနဲ့ ထိုးနှက်ပြီး ရွံ့စရာအကောင်လို ဆက်ဆံရင် ကျွန်တော် သေသွားလိမ့်မယ်။
စိုးရိမ်မှုတွေကြောင့် ကျွန်တော့်လက်ထဲမှာ dialogueစာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိထားတာ အတော်တွန့်ကြေနေပြီ။သူရဲ့အမုန်းတွေအကြောင်း မတွေးမိအောင် dialogue ဆီအမြန်အာရုံပြောင်းရသည်။တွေးကြည့်ရုံနှင့် ကျွန်တော်ကို ရင်ကွဲစေတဲ့ထိုအကြောင်းကို မတွေးဘဲ နေတာ ကျွန်တော်အတွက် ပိုကောင်းလိမ့်မည်။
ဒိုင်ယာလော့ ဖတ်နေရင်း ကျွန်တော်မျက်မှောက်တွေကြုတ်မိသည်။မာ့ခ်လီက ကျွန်တော်ထက် အဖြစ်ဆိုးနေသည်။အမှားမလုပ်ထားဘဲ တစ်ချိန်လုံး မာ့ခ်လီကို မုန်းတီးနေတဲ့ဟယ်ချန်းရဲ့စိတ်ကို ကျွန်တော် တကယ် နားမလည်နိူင်။သူကို အသက်လောက် မြတ်နိုးပြီး ချစ်တဲ့မာ့ခ်လီကို ဘယ်လိုစိတ်နဲ့များ မုန်းရက်နိုင်တာလဲ။အပြစ်မဟုတ်တာကို အပြစ်လို့ မှတ်ပြီး သက်သက်ကြီး မာ့ခ်လီကို မုန်းနေတဲ့ဟယ်ချန်းကို အမြင်ကပ်စွာ အလိုမကျစွာဖြင့် ကျွန်တော် ရေရွတ်မိသည်။
«နှလုံးသား မရှိလိုက်တာ»
ဟယ်ချန်းမိဘတွေ စီးပွားရေး ကျသွားတာကို အခွင့်ကောင်းယူပြီး ဟယ်ချန်းကို အပိုင်ယူခဲ့တဲ့မာ့ခ်လီက တကယ်တော့ သူရဲ့ချစ်တဲ့စိတ်၊ဟယ်ချန်းကို အပိုင်လိုချင်တဲ့စိတ်သာ။ဒါကို ဟယ်ချန်းတစ်ယောက်က သူကို ငွေနဲ့အပိုင်ဝယ်ပါတယ် ဆိုပြီး အသားလွှတ် မုန်းနေ၏။
YOU ARE READING
WED DRAMA
Fanfictionမောင့်အချစ်က မင်းကို စိတ်ချမ်းသားဖို့၊ပျော်စေဖို့ပဲ ဖြစ်စေရမည်။မောင့်ရင်ခွင်က မင်းတစ်ယောက်တည်းအတွက် နားခိုရာ ဖြစ်ပြီး မောင်ရဲ့အချစ်တွေအကုန်လုံးကလည်း မင်းအတွက်ပဲ ဟျော့ခ်။ Markhyuck _ 4🍎 ×11 Complete (7)🍁