UNI...
ကျွန်တော့်အနမ်းကို ကြောက်ပြီးရှက်နေတဲ့ဒုံဟျော့ခ်ကို အခုနောက်ပိုင်း မနမ်းမိအောင် အမြဲကြိုးစားရသည်။စိတ်မထိန်းနိူင်၍ နမ်းမိမှာစိုး၍ သူနဲ့အတူတိတ်ဆိတ်တဲ့နေရာမျိုး၊နှစ်ယောက်တည်း သီးသန့်တွေ့ဆုံခြင်းမျိုး မလုပ်ဘဲ လူအများကြား တွဲသွား၊တွဲလာဖြစ်သည်။ကျွန်တော်တို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြတာကို လူတွေ ရိပ်မိသွားမှာကို စိတ်ပူစရာမလိုပေ။အားလုံးက သူနဲ့ကျွန်တော်ကို သဘောတူ၍ ချစ်ကြိုက်စေခြင်းကြတဲ့သူတွေသာ ဖြစ်၏။ချစ်သူတွေလားဟု တိုက်ရိုက်လာမမေးတာပဲ ရှိတယ်။သူတို့မျက်လုံးထဲ ကျွန်တော်တို့ကို အသည်းတယားယားနှင့် ကြိတ်သဘောတူနေကြသည်။
ဒီလိုနဲ့ ကျွန်တော် ကျောင်းတတ်ရက်တွေ အလွန်းလှပနေသည်။ကျောင်းသွားဖို့ အချိန်ဆွဲပြီး အပျင်းထူနေတဲ့ကျွန်တော်က အရင်လိုမဟုတ်တော့ဘဲ။အိပ်ရာမှ စောစောထပြီး ကျောင်းကို စောစောလာတတ်နေပြီ။လူရှုပ်တာကို မကြိုက်၍ ကျောင်းခေါင်းမိုးထပ်မှာ ထိုင်ပြီး ကျောင်းပေါက်ဝမှာ ဝင်လာမည့် သူ့အရိပ်လေးကို နေပူခံပြီး စောင့်နေစရာမလိုတော့ဘူး။အရိပ်ရတဲ့သစ်ပင်အောက်မှာ သူအတွက် ကော်ဖီတစ်ခွက်ဝယ်ပေးပြီး လူအများကြီးထဲမှာ လူကို မြင်ရမှာကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေတတ်ပြီ။
ဒုံဟျော့ခ်ကလည်း အရင်လို မဟုတ်တော့ဘူး။သူ့သူငယ်ချင်းတွေထက် ကျွန်တော်ကို ပိုဦးစားပေး၏။သူငယ်ချင်းတွေအနား
အမြဲကပ်နေတဲ့ကောင်လေးက စာသင်ချိန်တစ်ခုလုံး ကျွန်တော်အနားမှာ ရှိနေတယ်။ကျွန်တော်ကိုလည်း ဂရုစိုက်၏။«ဒုံဟျော့ခ်..~»
ကျွန်တော် သူကို မြင်သည့်နှင့် လက်ကို ဝေ့ပြီး လှမ်းခေါ်လိုက်ပေမယ့် သူက ကျွန်တော်ကို မမြင်လိုက်ပေ။အကြောင်းကတော့ သူ့အရှေ့ပိတ်ရပ်လိုက်သည့်မိန်းကလေးတစ်စုကြောင့်ဖြစ်၏။ရိုက်ထားတဲ့Web Drama ဖြင့် မထွက်သေးဘူး။လူတိုင်းက သူကို ကြိုက်နေကြပြီ။တစ်ကျောင်းလုံးက သူကို သဲသဲလှုပ်ဖြစ်ကာ အခန်းရှေ့မှာ သူကို အမြဲစောင့်နေကြသည်။သူ့လက်ထဲ အမြဲ ပန်းစည်းတွေ၊မုန့်တွေပြည့်နေတာကို အလိုမကျဖြစ်ပေမယ့် ကျွန်တော့်ကောင်လေးက လူအများကြီးဆီက အချစ်ခံဖို့ ထိုက်တန်တယ်။ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ဒုံဟျော့ခ်ဆီက လူ
တွေက အပြုံးတွေ၊ဂရုစိုက်မှုတွေ ရချင်ရလိမ့်မည်။ဒုံဟျော့ခ်ကို ပွေ့ဖက်ခွင့်၊နမ်းရှိုက်ခွင့် ရှိသူက ကျွန်တော် တစ်ယောက်တည်း ဖြစ်၏။
YOU ARE READING
WED DRAMA
Fanfictionမောင့်အချစ်က မင်းကို စိတ်ချမ်းသားဖို့၊ပျော်စေဖို့ပဲ ဖြစ်စေရမည်။မောင့်ရင်ခွင်က မင်းတစ်ယောက်တည်းအတွက် နားခိုရာ ဖြစ်ပြီး မောင်ရဲ့အချစ်တွေအကုန်လုံးကလည်း မင်းအတွက်ပဲ ဟျော့ခ်။ Markhyuck _ 4🍎 ×11 Complete (7)🍁