UNI....
ကုန်လွန်သွားသည့်တစ်ပတ်က ကျွန်တော်အတွက် ရှည်ကြာပေမယ့် စောင့်စားရတာ ပျော်ဖို့ကောင်းသည်။ဒုံဟျော့ခ်နှင့်အတူ နီးနီးကပ်ကပ်နေရသည့်ကို ရင်တဒိတ်ဒိတ်နှင့် စောင့်စားမှုအဆုံးမှာ ရင်တုန်စရာအဖြစ်အပျက်တွေကို ဆက်တိုက်ရရှိလာသည်။အချစ်ဇာတ်လမ်းတွဲဖြစ်၍ ကျွန်တော်ရဲ့အချစ်မျက်ဝန်းတွေ ဒုံဟျော့ခ်(ခေါ်)ဟယ်ချန်းအပေါ် ဖြန့်ကျက်ဖို့အတွက် ဒုံဟျော့ခ်ရဲ့ချစ်စရာကောင်းတဲ့အပြုအမှုတွေကို တစ်နေ့တစ်မျိုး မရိုးအောင် မြင်တွေ့ခွင့်ရခဲ့သည်။ဒါရိုက်တာကြီးရဲ့ကောင်းမှုကြောင့် မြင်တွေ့ခွင့်ရတာဆိုသော်ငြား ကျွန်တော့်စိတ်က သိပ်အလိုမကျပေ။ကျွန်တော်အတွက် ဒုံဟျော့ခ်ရဲ့ချစ်ဖို့ကောင်းတဲ့အပြုအမှုတွေ လုပ်စရာမလိုပေ။အစကတည်းက ကျွန်တော်က ဒုံဟျော့ခ်ကို ချစ်ပြီးသား လူတစ်ယောက်။ထိုအပြုအမှုတွေက ကျွန်တော်ကို နှလုံးရပ်ပြီး သေအောင်သတ်နေသလိုဖြစ်နေတာ ဒါရိုက်တာ မသိသေးဘူးပဲ။
«ဒုံဟျော့ခ်ကို Ageyo လုပ်တာ ရပ်ခိုင်းလို့ မရဘူးလား»
ကျွန်တော့်အမေးစကားအဆုံးမှာ ဘေးနားက ဒုံဟျော့ခ်ရဲ့မသိမသာ မျက်စောင်းထိုးမှုကို လက်ခံလိုက်ရသည်။
«ဒီဇာတ်လမ်းတွဲထဲမှာ မာ့ခ်လီဆိုတဲ့သူ ဟယ်ချန်းကို သိပ်ချစ်တဲ့အမျိုးသားတစ်ယောက်။သူရဲ့အချစ်တွေ ပေါ်လွင်အောင် မင်းက သရုပ်ဆောင်ရမှာ။အဲ့တော့ မင်းမျက်လုံးထဲ ဒုံဟျော့ခ်က အရမ်းချစ်ဖို့ကောင်းတဲ့သူတစ်ယောက် ဖြစ်နေမှာ ရမယ်»
ထိုစကားကြားတော့ ကျွန်တော့်စိတ်က အလိုမကျစွာ မျက်မှောက်ကြုတ်မိသည်။ကျွန်တော်ပုံစံက ဒုံဟျော့ခ်အပေါ် မုန်းနေတဲ့လူတစ်ယောက်နဲ့ တူနေလို့လား။
«ကျွန်တော် သိတယ်။ဒုံဟျော့ခ်က ချစ်ဖို့ကောင်းတာကို။မြင်လည်း မြင်တယ်။ပြီးတော့ သဘောလည်း ကျတယ်»
နောက်ဆုံးစကားကို ဒုံဟျော့ခ်မျက်နှာလေးကို ကြည့်၍ပြောလိုက်သည့်အခါ သူရဲ့စိတ်ရှုပ်သွားသလို အပြုအမှုလေးက ကျွန်တော့်ခံစားချက်ကိုလှောင်နေသယောင်။
YOU ARE READING
WED DRAMA
Fanfictionမောင့်အချစ်က မင်းကို စိတ်ချမ်းသားဖို့၊ပျော်စေဖို့ပဲ ဖြစ်စေရမည်။မောင့်ရင်ခွင်က မင်းတစ်ယောက်တည်းအတွက် နားခိုရာ ဖြစ်ပြီး မောင်ရဲ့အချစ်တွေအကုန်လုံးကလည်း မင်းအတွက်ပဲ ဟျော့ခ်။ Markhyuck _ 4🍎 ×11 Complete (7)🍁