<Unicode>
3ပတ်ခန့်ကြာပြီးနောက်ဂျောင်ကုမှာ စိမ်းမနေတော့ဘဲထယ်ယောင်းနှင့်သာမက ဟန်နရီတို့ အိမ်တော်ကအလုပ်သမားတို့နှင့်ပါရင်းနှီးလာသည်။အစကတည်းကသွက်လက်သောဂျောင်ကုမှာ ထယ်ယောင်း၏ဝေယျာဝစ္စများအား သူကိုယ်တိုင်လုပ်ပေးတတ်သည်။ ထယ်ယောင်းမှာတားသော်လည်းမရ။
ဂျောင်ကု၏စိတ်အနေအထားအရတစ်ဇွတ်ထိုးဆန်သည်။"သားသား အစောကြီးနိုးနေတာလာ"
မနက်စာလုပ်ရန်ပြင်နေသောဂျောင်ကုအား လှေကားပေါ်ကဆင်းလာရင်းအသံပေးလိုက်သည်။
အိမ်အကူအမျိုးသမီးမှာတော့ ဂျောင်ကုဘေးတွင်ရပ်နေကြသည်။"ဖေကြီးအတွက် ကင်ချီထမင်းကြော်နဲ့ ဝက်နံရိုးစွပ်ပြုတ်ချက်မလို့"
"သားသားကချက်တတ်တယ်ပေါ့"
ထယ်ယောင်းမှာဂျောင်ကုနားသို့လျောက်လာပြီးအိမ်အကူအမျိုးသမီးများအား အနားမှထွက်သွားရန်လက်ဟန်ပြလိုက်တော့ အသီးသီးထွက်သွားကြသည်။
ေဂျာင်ကုမှာ ကင်မ်ချီများအားခပ်သေးသေးညှပ်နေပြီး ရောကြော်ရန်အမဲသားတစ်ချို့အား သေးသေးလေးတုံးနေသည်။
"သား ဆင်းရဲသားရပ်ကွက်မှာနေတုန်းကအဒေါ်ကြီး ဟွမ်ဘုံရဲ့ဆိုင်မှာဝိုင်းလုပ်ဖူးတယ်။
သားအလုပ်တွေလုပ်ပေးရင် သူ့ဆိုင်မှာလာစားတဲ့သူတွေရဲ့ အကြွင်းအကျန်တွေ သူရောင်းမကုန်တာတွေ သားကိုပေးတယ်။
သူချက်တာတွေကိုသားကလိုက်ကြည့်ထားတာလေ သားအိမ်လေးတစ်လုံးရလာတဲ့အခါကျရင် အဲ့လိုလေးချက်စားကြည့်မလို့လေ အခုတော့သားမှာ ဖေကြီးရှိနေပြီး"
ဂျောင်ကုမှာပြောရင်းမျက်ရည်ဝဲလာတာမို့ ထယ်ယောင်တစ်ယောက် ဂျောင်ကု၏ခေါင်းအား ဖွဖွလေးပုတ်ကာ ပုခုံးအားတစ်ချက်ပုတ်လိုက်သည်။
"စိတ်မပူနဲ့ဖေ့သားကြီး
အခုမင်းမှာ ဖေကြီးရှိနေပြီးမင်းလိုချင်တာ စားချင်တာတွေအကုန်လက်ညိုးထိုးလိုက် ဖြစ်စေရမယ်လို့အာမခံတယ်ကွား"
ထယ်ယောင်းမှာ သူ့အပြောအောက်တွင် မျက်လုံးအဝိုင်းသားနှင့်ဖြစ်သွားသောဂျောင်ကုအားကြည့်ကာ ကိုယ့်ကိုကိုယ်တောင်ဂုဏ်ဆာမိသွားသည်။