<Unicode>
"ဆော့ငယ်..
ဆေးသောက်ရအောင်နော် မောင်တိုက်မယ်"ဆေးထည့်ထားသောလင်ဗန်းငယ်အားကိုင်ကာ အကြင်သူအား နမ်ဂျွန်ဝမ်းနည်းရိပ်သန်းနေသောမျက်ဝန်းတစ်စုံဖြင့်ကြည့်နေမိသည်။
ဆော့ဂျင်မှာ သူ့အားကျောပေးပြီး ပြတင်းပေါက်အပြင်ဘက်ကိုငေးနေခဲ့သည်။ မျက်ရည်များမခြောက်သောမျက်ဝန်းတစ်စုံမှာ ကျိန်းသေနီရဲနေမည်ကို နမ်ဂျွန်သိပြီးသားပင်။
ဆေးဗန်းလေးအား ကုတင်ဘေးရှိစားပွဲခုံပေါ်ချထားလိုက်ပြီး အကြင်သူ၏နောက်ကျောအား နမ်းရှုတ်ကာ ခါးအား ခပ်တင်းတင်းလေးဖက်ထားလိုက်သည်။
ပုခုံးထက်တွင်စိုစွတ်လာသောအထိအတွေ့ကြောင့် နမ်ဂျွန်ငိုနေမှန်း ဆော့ဂျင်သိလိုက်သည်။
"သားငယ်ကိုရှာတွေ့ခဲ့ရဲ့လားမောင်"
မိမိဘက်မျက်နှာချင်းဆိုင်လှည့်လာကာ မေးလာသောအကြင်သူကြောင့် နမ်ဂျွန်မှာ ရင်ထဲနစ်ကနဲပင်။
"မေးနေတယ်လေမောင် သားငယ်ကိုရှာတွေ့ခဲ့လားလို့"
"တောင်းပန်ပါတယ်ဆော့ငယ်"
မျက်ဝန်းထက်မှ ကြွေဆင်းလာသည့်မျက်ရည်တစ်ပေါက်နှင့်အတူ စားပွဲပေါ်တွင်တင်ထားသော ရေခွက်အားယူပြီး နံရံထက်သို့ အားပါပါဖြင့်ဆော့ဂျင်ပစ်ပေါက်လိုက်သည်။
ခွက်အကွဲအပိုင်းအစလေးများမှာ လွှင့်ထွက်လာပြီး နမ်ဂျွန်၏ပါးထက်၌ ကန့်လန့်ခြစ်ရာလေးမှာထင်းကနဲ။
"15နှစ်ပြည့်တော့မယ်မောင်!!
သားငယ်ကိုရှာပေးမယ်ဆိုပြီး မောင်ကတိတွေအထပ်ထပ်ပေးနေခဲ့တာ15နှစ်တောင်ပြည့်ပြီး မောင်မတွေ့သေးဘူး!!!ငါသီးခံနိုင်တဲ့အတိုင်းအတာကျော်သွားပြီး!
အဲ့တော့ ငါကိုယ်တိုင်ထွက်ရှာမယ်!!"ဆော့ဂျင်မှာ နမ်ဂျွန်ကိုယ်အား တွန်းဖယ်လိုက်ပြီး ထွက်သွားဖို့ပြင်နေချိန် တင်းကနဲဖြစ်သွားသောလက်ကောက်ဝတ်တစ်စုံနှင့်အတူ တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲတွင်ပြိုလဲကျသွားသည်။
"လွှတ်စမ်း လူယုတ်မာ!
ဂျွန်နမ်ဂျွန်! ခင်ဗျားကိုလွှတ်လို့ပြောနေတယ်လေ!!"